သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် လုပ်တဲ့ ဒေသ တည်ငြိမ် ရေး ဆွေးနွေး ပွဲ တောင် တရုတ် ပင်လယ် ကိစ္စ ရှောင်လွှဲ


အရှေ့တောင် အာရှ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ထိပ်သီး ညီလာခံကို တရုတ်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ။ (အောက်တိုဘာလ ၁၆၊ ၂၀၁၅)။
အရှေ့တောင် အာရှ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ထိပ်သီး ညီလာခံကို တရုတ်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ။ (အောက်တိုဘာလ ၁၆၊ ၂၀၁၅)။

အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ထိပ်သီးညီလာခံကို တရုတ်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေချိန်မှာ - ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ တရုတ်ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းခဲ့ပေမဲ့ - တော်တော်များများကတော့ အချေအတင်ဖြစ်နေတဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားစရာ ကိစ္စတွေကို ဆွေးနွေးဖို့ ရှောင်ခဲ့ကြပါတယ်။

အဖွဲ့ဝင် ၁၀ ရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ကာကွယ်ရေး ဝန်ကြီးတွေ ရဲ့ အလွတ်သဘော တွေ့ဆုံမှုအတွင်း နယ်မြေပိုင်ဆိုင်မှု ကိစ္စတွေကို တရုတ်ခေါင်းဆောင်တွေက လူသိရှင်ကြား ဆွေးနွေးမယ့် အလားအလာတော့ မရှိပါဘူး။

တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတွေ နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေပေမဲ့ ဒီကိစ္စကို အခုလို နိုင်ငံစုံဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးဖို့ကိုတော့ မလိုလားပါဘူး။

ညီလာခံအဖွင့်မိန့်ခွန်းမှာ တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan က အငြင်းပွားနေတဲ့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေမဲ့ - အာဆီယံနိုင်ငံတွေအနေနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့၊ အကြမ်းဖက်ဝါဒလို လုံခြုံရေးပြဿနာ တွေကို ရင်ဆိုင်နိုင်အောင် ပိုမိုကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တင်းမာမှုတွေ လျော့ကျစေဖို့ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတခု ထွက်ပေါ်လာစေရေး နှောင့်နှေးကြန့်ကြာနေ တဲ့ ဆွေးနွေးမှုတွေမှာတော့ အာဆီယံနိုင်ငံတွေနဲ့အတူ တရုတ်နိုင်ငံလည်း ပူးပေါင်းပါဝင်နေတာပါ။

ဆွေးနွေးမှုတွေ အတွင်းမှာတော့ အငြင်းပွားနေတဲ့ နယ်မြေတွေကို တရုတ်နိုင်ငံကသာ ပိုင်ဆိုင်ကြောင်း အပြင်းအထန် ကာကွယ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG