သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတဟူကျင်းတောင် ဟောင်ကောင်အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်မည်


တရုတ်သမ္မတ ဟူကျင်းတောင်ဟာ ဟောင်ကောင် အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မှာဖြစ်ပြီး တရုတ်အုပ်ချုပ်မှု လက်အောက် ပြန်လည် ရောက်ရှိတာ (၁၅) နှစ်မြောက် အထိမ်းအမှတ်တွေ ကျင်းပနေတဲ့ ဟောင်ကောင်ကို သွားရောက်နေပါတယ်။

တရုတ်အစိုးရနဲ့ သဘောထားကွဲလွဲသူ လီဝမ်ယမ်း ဒီလမှာပဲ မသင်္ကာဖွယ် သေဆုံးသွားရမှုနဲ့ ပတ်သက်ပြီးတော့ အကြောင်းပြချက် ပေးဖို့ကို တောင်းဆို ဆန္ဒပြကြသူတွေကိုတော့ ရဲက လူစုခွဲခဲ့ပါတယ်။ သေဆုံးသူ လီ ဟာ အလုပ်သမားအခွင့်အရေး ကြိုးပမ်းသူ တဦးဖြစ်ပြီး ၁၉၈၉ ခုနှစ် တီယာနန်မင် (Tiananmen) ရင်ပြင် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

သတင်းထောက်တဦးကလည်း သမ္မတ ဟူ ကို တီယာနန်မင် ရင်ပြင် နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့လို့ ခဏ ထိန်းသိမ်းခံခဲ့ရပါတယ်။ စနေနေ့က ပြောကြားသွားတဲ့ သမ္မတရဲ့ မိန့်ခွန်းထဲမှာတော့ သမ္မတ ဟူက ဟောင်ကောင်က အစိုးရသစ်ကို ယုံကြည်အားထားပါကြောင်း ပြောသွားပါတယ်။ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကိုလည်း သမ္မတက ချီးကျူးသွားတာပါ။

မစ္စတာ ဟူဟာ ဟောင်ကောင်ကို သုံးရက်ခရီးစဉ်အဖြစ်နဲ့ သောကြာနေ့မှာ ရောက်လာတာ ဖြစ်ပြီးတော့ ဒီကနေ့ ကျင်းပမယ့် အစိုးရသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG