သုံးရလွယ်ကူစေသည့် Link များ

တရုတ်အမျိုးသမီးတွေကို လူမှောင်ခိုကူးခံရမှု တိုးလာ

  • ဗွီအိုအေ (မြန်မာဌာန)

တရုတ်အမျိုးသမီးတွေကို လူမှောင်ခိုကူးခံရမှု တိုးလာ

အရှေ့တောင်အာရှ၊ ဥရောပနဲ့ အာဖရိက နိုင်ငံတွေက ပြည့်တန်ဆာ လုပ်ငန်းတွေမှာ အဓမ္မစေခိုင်းဖို့အတွက် နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းတွေက လူမှောင်ခိုကူးတာကို ခံခဲ့ရတဲ့ တရုတ်အမျိုးသမီး အရေအတွက် တိုးလာနေတယ်လို့ အစိုးရပိုင် သတင်းတရပ်က ဖော်ပြလိုက်ပါတယ်။

အမျိုးသမီး အများစုဟာ ကျေးလက်ဒေသက ဖြစ်ကြပြီး ပြည်ပမှာ ပညာသင်ဖို့၊ ၀င်ငွေကောင်းတဲ့ အလုပ်တွေ ရဖို့ဆိုတဲ့ စည်းရုံးသိမ်းသွင်းမှုတွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေက အယုံသွင်းခဲ့တာလို့ အကြီးတန်း ရဲအရာရှိတဦးကို ကိုးကားပြီး နိုင်ငံပိုင် China Daily သတင်းက ဒီကနေ့ပဲ ဖော်ပြလိုက်တာပါ။

ဒါပေမဲ့လည်း လူမှောင်ခိုမှု အများစုဟာ ပြည်တွင်းမှာ ဖြစ်ပွားနေပြီး ဆင်းရဲတဲ့ အရပ်က အမျိုးသမီးတွေကို ခေါ်လာပြီး တရုတ်နိုင်ငံက တခြားနေရာတွေမှာ အတင်းအကျပ် လက်ထပ်ခိုင်းတာတွေ လုပ်နေတာလို့လည်း ရဲအရာရှိက ပြောပါတယ်။

အများပြည်သူ ဘေးကင်းလုံခြုံရေးဌာနက လူမှောင်ခိုကူးတဲ့ ရာဇ၀တ်မှုတွေကို နှိမ်နင်းတဲ့ အထူးအစီအစဉ် တရပ်ကို စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဧပြီလကစလို့ တရုတ်ရဲတပ်ဖွဲ့က လူမှောင်ခိုမှု ၉,၁၆၅ မှုကို ဖမ်းဆီးမိပြီး အမျိုးသမီး ၁၇,၇၄၆ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သတင်းစာက ဖော်ပြခဲ့တာပါ။

XS
SM
MD
LG