သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ဆင်းရဲချမ်းသာကွာဟမှု နက်ရှိုင်း


တရုတ်ပြည်သူများ နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေစဉ်။
တရုတ်ပြည်သူများ နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေစဉ်။
တရုတ်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် ကတည်းက လူသိရှင်ကြား ထုတ်ပြန်တာတွေ မရှိတော့တဲ့ ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှု ကိန်းဂဏန်း အချက်အလက်တွေကို အခုနောက်ဆုံး အာဏာပိုင်တွေက ထုတ်ဖော် ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေ လက်ရှိ အချိန်အထိ ခန့်မှန်းထားတဲ့ ကိန်းဂဏန်းတွေအရ ဝင်ငွေကွာဟမှုဟာ ကြီးကြီးမားမား ရှိနေတဲ့အကြောင်း တရုတ်အမျိုးသား စာရင်းအင်းဗျူရိုရဲ့ အကြီးအကဲ Ma Jiatang က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

တရုတ်နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ကြီးထွားလာနေတာနဲ့အမျှ လုပ်ငန်းရှင်တွေနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အရာရှိတွေထဲက ကုဋေကြွယ် သူဋ္ဌေးတွေ ပေါ်ပေါက်လာကြပေမဲ့ တရုတ်လူထု အများစုကတော့ ဝင်ငွေများများစားစား တိုးမလာကြပါဘူး။ ဒီအတွက်လည်း လူမှုရေးအရ မကျေနပ်ချက်တွေ ဖန်တီးနိုင်တဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို ထိန်းချုပ်ဖို့ အရေးဟာ အစိုးရအတွက် အဓိက စိန်ခေါ်မှုတခုလည်း ဖြစ်နေပါတယ်။

ဒီအတောအတွင်း တရုတ် စာရင်းအင်းဗျူရိုက နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၂ ခုနှစ် နောက်ဆုံး ဘဏ္ဍာရေး ၃ လပတ်အတွက် စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏဟာ ၇.၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ကြေညာခဲ့တာမို့ ဒါဟာဆိုရင် ဘဏ္ဍာရေး ၃ လပတ် ၇ ပတ် ဆက်တိုက် စီးပွားရေး ကျဆင်းရာက ပြန်တက်လာတာပါ။ ဒီအတွက်လည်း ၂၀၁၂ တနှစ်လုံးအတွက် စီးပွားရေး ဖွံ့ဖြိုးမှု ပမာဏဟာ ၇. ၈ ရာခိုင်နှုန်းအထိ ဖြစ်ခဲ့ပေမဲ့ ဒါဟာဆိုရင် ၁၉၉၀ ပြည့်လွန် နှစ်တွေကစလို့ အနိမ့်ဆုံးလည်း ဖြစ်ပါတယ်။
XS
SM
MD
LG