သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သွန်းကုန် တွေကို တရုတ်အခွန်ထပ်မြှင့်


တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ အမေရိကန်အလံများ (ဇူလိုင် ၁၃၊ ၂၀၁၈)
တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ အမေရိကန်အလံများ (ဇူလိုင် ၁၃၊ ၂၀၁၈)

၆၀ ဘီလျံပမာဏာရှိတဲ့ အမေရိကန်သွင်းကုန်တွေအပေါ် တရုတ်အစိုးရက အခွန်တိုးမြှင့်ကောက်ခံမယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှာ ကြေညာပါတယ်။

အမေရိကန်က တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်တာကြောင့် တရုတ်ဘက်ကလည်း အခုလို လက်တုံ့ပြန် အခွန်တိုးကောက်တာပါ။ သောကြာနေ့နှောင်းပိုင်းမှာ တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်တိုးကောက်မယ့် အမေရိကန်သွင်းကုန် ၅,၂၀၇ မျိုး စာရင်းကို ထုတ်ပြန်လိုက်ပြီး အဲဒီပစ္စည်းတွေအပေါ် အခွန် ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးကောက်သွားမှာပါ။ ဒီပမာဏာဟာ အမေရိကန်က သွင်းကုန်ခွန်တိုးကောက်ခံမယ့် ပမာဏာရဲ့ တဝက်လောက်သာ ရှိပါတယ်။

ထရမ့်အစိုးရအဖွဲ့က ၂၀၀ ဘီလျံပမာဏာရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်းအခွန်တိုးကောက်ဖို့ ဆောင်ရွက်ခဲ့ပြီးနောက် တရုတ်ဘက်က အခုလို လက်တုံ့ပြန်တာဖြစ်ပြီး ဒါဟာ အကျိုးတူသက်ရောက်စေတာ ဖြစ်တယ်လို့ Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ဇူလိုင်လအတွင်း ၃၄ ဘီလျံ ပမာဏရှိတဲ့ သွင်းကုန်တွေအပေါ် အပြန်အလှန် သွင်းကုန်ခွန် တိုးစည်းကြပ်ခဲ့သလို မကြာခင်မှာလည်း ၁၆ ဘီလျံ သွင်းကုန်တွေအပေါ် ထပ်ပြီး အခွန်းတိုးကောက်ခံဖို့ စီစဉ်နေတာကြောင့် တရုတ်ကလည်း အချိုးတူ သွင်းကုန်ခွန် ထပ်တိုးကောက်ခံမယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ အခုလို မတရားသဖြင့် ဖိအားပေးမှုကို တရုတ်အနေနဲ့ အသာတကြည် လက်ခံမှာ မဟုတ်ဘဲ မကြာခင်မှာလည်း အမေရိကန်သွင်းကုန်အများအပြားရဲ့တန်ဖိုး ၁၁၀ ဘီလျံ ပမာဏာအပေါ် အခွန်တိုး စည်းကြပ်တာမျိုး လုပ်သွားနိုင်ကြောင်း တရုတ်ကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ သမ္မတ ထရမ့်အနေနဲ့ အရင် အစိုးရတွေရဲ့ ဆိုးမွေတွေကို ဆက်ခံခဲ့ရတာဖြစ်ပြီး အမေရိကန်တွေအနေနဲ့ တဖက်စောင်းနင်း နစ်နာနေမှုတွေကို အဆုံးသတ်ဖို့ သွင်းကုန်ခွန်တွေ အခုလိုမျိုး တိုးကောက်ခံဖို့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG