တ႐ုတ္ႏိုင္ငံအေပၚ ျပည္ပက ၿခိမ္းေျခာက္မႈေတြ တိုးလာေနတာေၾကာင့္၊ စစ္အသုံးစရိတ္ကို တိုးျမႇင့္သြားမယ္လို႔ တ႐ုတ္ႏိုင္ငံက ဒီေန႔ ေျပာလိုက္ပါတယ္။ လာမယ့္ ၄ ႏွစ္အတြင္း တ႐ုတ္ႏိုင္ငံရဲ႕ စစ္အသုံးစရိတ္ကို တဟုန္ထိုး တိုးျမင့္လာႏိုင္တယ္လို႔ တ႐ုတ္အမ်ိဳးသားျပည္သူ ကြန္ဂရက္ညီလာခံမွာ ဝန္ႀကီးခ်ဳပ္ Le Keqiang က ေျပာလိုက္တာပါ။ တ႐ုတ္ႏိုင္ငံရဲ႕ အခုႏွစ္ စီးပြားေရးတိုးတက္မႈႏႈန္းဟာ ၅ % သာ႐ွိတာေၾကာင့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း အနိမ့္ဆုံးတိုးတက္မႈေတြထဲက ႏွစ္တႏွစ္ျဖစ္ေနခ်ိန္မွာပဲ၊ တ႐ုတ္ႏိုင္ငံဘက္က အခုလို စစ္အသုံးစရိတ္ကို တိုးျမႇင့္ဖို႔ ေၾကျငာလိုက္တာျဖစ္ပါတယ္။
အခုႏွစ္အတြက္ စစ္အသုံးစရိတ္ကို ၇.၂ ရာခိုင္ႏႈန္းတိုးၿပီး၊ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၂၂၅ ဘီလ်ံအသုံးျပဳသြားဖို႔ စီစဥ္ထားတာပါ။ ဒါဟာ ၂၀၁၉ ခုႏွစ္ကစၿပီး အျမန္ဆုံး တိုးျမႇင့္လာတဲ့ႏႈန္းျဖစ္ၿပီး မႏွစ္ကေတာ့ ၇.၁ % ႐ွိခဲ့ပါတယ္။
ရာထူးကေန အနားယူေတာ့မယ့္ ဝန္ႀကီးခ်ဳပ္ Le Keqiang ကေတာ့၊ တ႐ုတ္ႏိုင္ငံအေပၚ ျပည္ပကေန ဖိႏွိပ္ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းတာေတြ တိုးလာေနၿပီး၊ တ႐ုတ္တပ္ဖြဲ႕ေတြအေနနဲ႔ စစ္ေရးေလ့က်င့္မႈေတြနဲ႔ ျပင္ဆင္မႈေတြကို အ႐ွိန္အဟုန္ျမႇင့္ လုပ္ေဆာင္သင့္တယ္လို႔ ညီလာခံကို တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ေထာင္ေပါင္းမ်ားစြာကို ေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့လည္း တ႐ုတ္ႏိုင္ငံရဲ႕ ႏွစ္စဥ္စစ္အသုံးစရိတ္ဟာ အေမရိကန္နဲ႔ယွဥ္လွ်င္ အေတာ္ေလးကို နည္းေနးေသးတာေတြ႔ရၿပီး၊ အေမရိကန္ရဲ႕ အခုႏွစ္အတြက္ သတ္မွတ္ထားတဲ့ စစ္အသုံးစရိတ္ဟာ ေဒၚလာ ၈၀၀ ဘီလ်ံေက်ာ္ ႐ွိပါတယ္။ ဒါေပမဲ့လည္း တ႐ုတ္ႏိုင္ငံဟာ သူတို႔ တရားဝင္ေၾကညာထားတဲ့ ပမာဏထက္ပိုၿပီးေတာ့ အသုံးျပဳေလ့႐ွိတယ္လို႔ အကဲခတ္ေတြကေတာ့ ေျပာပါတယ္။
==== Unicode ====
တရုတ်နိုင်ငံအပေါ် ပြည်ပက ခြိမ်းခြောက်မှုတွေ တိုးလာနေတာကြောင့်၊ စစ်အသုံးစရိတ်ကို တိုးမြှင့်သွားမယ်လို့ တရုတ်နိုင်ငံက ဒီနေ့ ပြောလိုက်ပါတယ်။ လာမယ့် ၄ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ကို တဟုန်ထိုး တိုးမြင့်လာနိုင်တယ်လို့ တရုတ်အမျိုးသားပြည်သူ ကွန်ဂရက်ညီလာခံမှာ ဝန်ကြီးချုပ် Le Keqiang က ပြောလိုက်တာပါ။ တရုတ်နိုင်ငံရဲ့ အခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းဟာ ၅ % သာရှိတာကြောင့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးတိုးတက်မှုတွေထဲက နှစ်တနှစ်ဖြစ်နေချိန်မှာပဲ၊ တရုတ်နိုင်ငံဘက်က အခုလို စစ်အသုံးစရိတ်ကို တိုးမြှင့်ဖို့ ကြေငြာလိုက်တာဖြစ်ပါတယ်။
အခုနှစ်အတွက် စစ်အသုံးစရိတ်ကို ၇.၂ ရာခိုင်နှုန်းတိုးပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၅ ဘီလျံအသုံးပြုသွားဖို့ စီစဉ်ထားတာပါ။ ဒါဟာ ၂၀၁၉ ခုနှစ်ကစပြီး အမြန်ဆုံး တိုးမြှင့်လာတဲ့နှုန်းဖြစ်ပြီး မနှစ်ကတော့ ၇.၁ % ရှိခဲ့ပါတယ်။
ရာထူးကနေ အနားယူတော့မယ့် ဝန်ကြီးချုပ် Le Keqiang ကတော့၊ တရုတ်နိုင်ငံအပေါ် ပြည်ပကနေ ဖိနှိပ်ထိန်းချုပ်ဖို့ ကြိုးပမ်းတာတွေ တိုးလာနေပြီး၊ တရုတ်တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပြင်ဆင်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်တယ်လို့ ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်ထောင်ပေါင်းများစွာကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း တရုတ်နိုင်ငံရဲ့ နှစ်စဉ်စစ်အသုံးစရိတ်ဟာ အမေရိကန်နဲ့ယှဉ်လျှင် အတော်လေးကို နည်းနေးသေးတာတွေ့ရပြီး၊ အမေရိကန်ရဲ့ အခုနှစ်အတွက် သတ်မှတ်ထားတဲ့ စစ်အသုံးစရိတ်ဟာ ဒေါ်လာ ၈၀၀ ဘီလျံကျော် ရှိပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံဟာ သူတို့ တရားဝင်ကြေညာထားတဲ့ ပမာဏထက်ပိုပြီးတော့ အသုံးပြုလေ့ရှိတယ်လို့ အကဲခတ်တွေကတော့ ပြောပါတယ်။