သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အိန္ဒိယ စစ်သင်္ဘောချင်း ဗီယက်နမ်ရေပြင်မှာ ထိပ်တိုက်ရင်ဆိုင်


တရုတ်နဲ့ အိန္ဒိယ စစ်သင်္ဘောချင်း ဗီယက်နမ်ရေပြင်မှာ ထိပ်တိုက်ရင်ဆိုင်

ဗီယက်နမ်နိုင်ငံ ကမ်းလွန်ဒေသ တောင်တရုတ်ပင်လယ်မှာ ဖြတ်သန်းသွားလာနေတဲ့ အိန္ဒိယနိုင်ငံပိုင် သင်္ဘောတစင်းဟာ တရုတ်ရေတပ် သင်္ဘောတစင်းနဲ့ မကြာသေးခင်ကပဲ ထိပ်တိုက်ရင်ဆိုင် တိုးခဲ့တယ်လို့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့တုန်းက ဗီယက်နမ် ကမ်းရိုးတန်းကနေ မိုင် ၅၀ ကျော် အကွာမှာ INS Airavat သင်္ဘော ခုတ်မောင်းနေတုန်း အမည်မသိ တရုတ်စစ်သင်္ဘောတစင်းကနေ သူတို့ရေပိုင်နက်ထဲ ရောက်နေတယ်လို့ ရေဒီယိုကြေးနန်းက သတိပေးတာခံခဲ့ရတာလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့တာပါ။ ဒါပေမဲ့လည်း သင်္ဘောလမ်းကြောင်းမှာ လေယာဉ်ရော သင်္ဘောရော ဘာမှ မတွေ့ရတဲ့အတွက် မူလလမ်းကြောင်းအတိုင်း ဆက်လက်ခုတ်မောင်းခဲ့တယ်လို့လည်း ပြောပါတယ်။

တောင်တရုတ်ပင်လယ်တွင်း ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဟာ တဖြည်းဖြည်း ပိုမို တင်းတင်းမာမာ ကိုင်တွယ် ဆောင်ရွက်လာနေတာပါ။ လတ်တလော တောင်တရုတ်ပင်လယ် ဒါမှမဟုတ်ရင်လည်း သဘာဝ အရင်းအမြစ်တွေ ကြွယ်ဝတဲ့ နေရာတွေ အပါအ၀င် တောင်တရုတ်ပင်လယ်ထဲက နယ်မြေ တစိတ်တပိုင်းကို ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံရှိပါတယ်။ တရုတ်နိုင်ငံကတော့ ၂၀ ရာစုနှစ် စောပိုင်းကာလက မြေပုံအပေါ်မှာ အခြေခံပြီး နယ်မြေတခုလုံးကို သူပိုင်ဆိုင်ကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG