ကုန်သွယ်ရေးနဲ့ နယ်စပ်ကိစ္စတွေအတွက် မကြာသေးခင်ကပဲ တင်းမာမှုတွေ ကြုံခဲ့ရတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေး တိုးတက်စေဖို့ ဆောင်ရွက်သွားမယ်လို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပြောဆိုလိုက်ကြပါတယ်။
တရုတ်နိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ Pratibha Patil ဟာ ဒီကနေ့ ဘေဂျင်းမြို့တော်မှာ တရုတ်သမ္မတ ဟူဂျင်တောင်းနဲ့ တွေ့ဆုံခဲ့တာပါ။
တရုတ်သမ္မတက နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား အရပ်ဖက် ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ လေကြောင်းဝန်ထမ်းတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အိန္ဒိယသမ္မတ Ms. Patil ရဲ့ ၆ ရက်ကြာခရီးစဉ်ဟာဆိုရင် အိန္ဒိယနိုင်ငံ ခေါင်းဆောင် တဦးအနေနဲ့ တရုတ်နိုင်ငံကို ဆယ်စုနှစ်တခုအတွင်း ပထမဆုံးသွားတဲ့ ခရီးစဉ်တခုပါ။
သူ့ရဲ့ခရီးစဉ်အတွင်း အိန္ဒိယပုံစံ ဗုဒ္ဓဘာသာ ဘုရားကျောင်းတခု အုတ်မြစ်ချမယ့် Henan မြို့နဲ့ ရှန်ဟိုင်းမြို့တွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးကတော့ ဆက်ဆံရေးတွေ တိုးတက်အောင် ဆောင်ရွက်သွားကြဖို့ ကတိပြုထားကြပေမဲ့ နှစ်နိုင်ငံကြား အချေအတင် ဖြစ်စရာ နယ်နိမိတ်ပြဿနာတွေ၊ အရင်းအမြစ်တွေနဲ့ ဈေးကွက်တွေကိုရရှိရေး တင်းမာမှုတွေအပါအ၀င် အဓိက ကိစ္စရပ်တွေမှာတော့ သဘောထား ကွဲလွဲမှုတွေကတော့ ရှိနေဆဲပါ။
အိန္ဒိယ - တရုတ် တင်းမာမှု ဖယ်ရှားပြီး ပိုမို ပူးပေါင်းမည်
- VOA News

ကုန်သွယ်ရေးနဲ့ နယ်စပ်ကိစ္စ တင်းမာမှုတွေနဲ့ ကြုံခဲ့ရတဲ့ တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်သွားဖို့ ခေါင်းဆောင်တွေက ပြောပါတယ်။