သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အိန္ဒိယ နယ်စပ် သဘောတူညီမှုရရှိ


တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh.
တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh.

နှစ်ပေါင်းများစွာ အပြိုင်အဆိုင် ဖြစ်နေကြတဲ့ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား အချေအတင် ဖြစ်စရာတွေနဲ့ မကြာခဏ တင်းမာမှုတွေ ပေါ်ပေါက်နေရတဲ့ ဟိမဝန္တာနယ်ခြားဒေသမှာ ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။

တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh တို့ တွေ့ဆုံခဲ့ကြပြီးနောက် ယုံကြည်မှု တည်ဆောက်ရေး သဘောတူညီချက် တရပ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ သဘောတူညီချက်မှာတော့ စစ်ဘက်ဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုတွေ၊ တရားမဝင် မှောင်ခိုမှုတွေနဲ့ သဘာဝကပ်ဘေး အန္တရာယ် ကျရောက်ချိန်တွေလို အခြေအနေမျိုးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့တွေ ပါဝင်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ကတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြုံတွေ့နေရတဲ့ နယ်စပ်ဒေသက အငြင်းပွားမှုတွေ ဧပြီလထဲ တကျော့ပြန် ကြီးထွားလာတာမျိုး နောက်ထပ် မဖြစ်ရအောင် အခုသဘောတူညီချက်က အထောက်အကူ ဖြစ်လာစေလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဧပြီလထဲမှာတုန်းကတော့ အိန္ဒိယက ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ နယ်မြေထဲကို အနည်းဆုံး ၆ မိုင်ကျော်လောက်အထိ တရုတ်နိုင်ငံဘက်က တပ်ဖွဲ့တွေ ဝင်ရောက် တပ်စွဲခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံက စွပ်စွဲခဲ့တာပါ။ တရုတ်ဝန်ကြီးချုပ်ကလည်း နယ်ခြားဒေသမှာ မပြေမလည် ဖြစ်စရာ ကိစ္စတွေက ၂ နိုင်ငံ ဆက်ဆံရေးမှာ အဟန့်အတား မဖြစ်သင့်ဘူးလို့ ပြောဆိုသွားပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့လည်း ဒီကနေ့ တွေ့ဆုံဖို့ ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ်ကတော့ သူ့ခရီးစဉ်ကနေ ၂ နိုင်ငံကြား စီးပွားရေး အဆက်အဆံတွေ ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG