သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သြဇာလွှမ်းမိုးမှုနှင့် အာဆီယံရပ်တည်ချက်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပရာ စင်္ကာပူတွင် တွေ့ရစဉ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို ၅၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပရာ စင်္ကာပူတွင် တွေ့ရစဉ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ၃၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို စင်္ကာပူ နိုင်ငံမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပဖို့ ရှိပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကခေါင်းဆောင်တွေနဲ့ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန် ခေါင်းဆောင်တွေ တွေ့ဆုံကြမှာပါ။

အဲဒီအစည်းအဝေးအတွင်း အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ဒေသတွင်းမှာ တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး သြဇာလွှမ်းမိုးမှု တွေကို ငြင်ငြင်သာသာလေး ပြန်ပြီး တုန့်ပြန်ကြဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။

အရှေ့တောင်အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေး နောက်လာမယ့် ၁၅ နှစ်အတွင်း လုပ်ဆောင်မယ့် အခြေခံအအောက်အအုံသစ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေအကြောင်း အားလုံးပါတဲ့ အစည်းအဝေးတွေမှာရော၊ နှစ်နိုင်ငံချင်း အစည်းအဝေးတွေမှာပါ တရုတ်နိုင်ငံက ပြောဆိုဖွယ် ရှိပါတယ်။

လူဦးရေ သန်းပေါင်း ၆၃၀ လောက်ရှိတဲ့ အရှေ့တောင်အာရှဒေသ နိုင်ငံအများစုဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း မီးရထားလမ်းတွေနဲ့ ဆိပ်ကမ်းတွေ ဆောက်လုပ်ဖို့အတွက် ချေးငွေနဲ့ တခြား အကူအညီတွေကို တရုတ်နိုင်ငံကနေ ရယူခဲ့ကြရတာပါ။

ကမ္ဘာမှာ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ အဲဒီစီမံကိန်းတွေကို ကမ္ဘာတဝန်း ကုန်သွယ်ရေး လမ်းကြောင်းတွေဖွင့်ဖို့ ရည်ရွယ်ထားတဲ့ “Belt-and-Road” ရပ်ဝန်း လမ်းကြောင်း စီမံကိန်းကြီးရဲ့ တစိတ်တပိုင်းအဖြစ် ယူဆပါ တယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေးကျဆင်းနေတဲ့ ဘရူနိုင်းနိုင်ငံ ပြန်ခေါင်းထောင်လာနိုင်တာနဲ့ ဖိလစ်ပိုင်မှာ အခြေခံ အဆောက်အအုံတွေ တိုးတက်လာတာလို နမူူနာကောင်းတွေရှိထားပေမဲ့လည်း တရုတ်ကိုပြန်ဆပ် ရမယ့် အကြွေးတွေ ကြောင့် ပါကစ္စတန်နဲ့ သီရိလင်္ကာတို့လို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာကို နိုင်ငံတချို့က စိုးရိမ်လာနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG