သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်ဝှမ်း ပူးပေါင်းဆောင်ရွက်ရေး တရုတ်ဦးဆောင်


ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ LMC - Lancang-Mekong ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး စည်းဝေးပွဲကို တရုတ်ဝန်ကြီးချုပ် Li Keqiang က တက်ရောက်ဆွေးနွေးနေစဉ် (ဇန်နဝါရီ ၁၀၊ ၂၀၁၈ခုနှစ်)
ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ LMC - Lancang-Mekong ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး စည်းဝေးပွဲကို တရုတ်ဝန်ကြီးချုပ် Li Keqiang က တက်ရောက်ဆွေးနွေးနေစဉ် (ဇန်နဝါရီ ၁၀၊ ၂၀၁၈ခုနှစ်)

တရုတ်နိုင်ငံကဦးဆောင် ကျင်းပတဲ့ ၂၀၁၆ ခုနှစ် LMC - Lancang-Mekong ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး စည်းဝေးပွဲကို သဘာပတိအဖြစ် ကျင်းပစဉ် တရုတ်ဝန်ကြီးချုပ် Li Keqiang က - လေပြေ လေညင်းလေးတွေ စုပေါင်းပြီး တိုက်ခတ်တဲ့အခါ အားပြင်းတဲ့ တိုင်ဖုန်း မုန်တိုင်းကြီးအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း အရှေ့တောင်အာရှတိုက်အတွင်းက ဆိုရိုးစကား တခုကို ကိုးကား ပြောကြားခဲ့ပါတယ်။

LMC ရဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ - မဲခေါင် မြစ်ဝှမ်းတလျှောက်က တိုင်းပြည်တွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဦးတည် လုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ် Li Keqiang က ထိပ်သီးစည်းဝေးကို တက်လာကြတဲ့ ခေါင်းဆောင်တွေကို ပြောကြားလိုက်တာပါ။

တရုတ်နိုင်ငံက လက်ရှိဆောင်ရွက်နေတဲ့ Belt and Road ခေတ်သစ် ပိုးလမ်းမစီမံကိန်းလို လူသိမများပေမယ့်လည်း တရုတ်အစိုးရက LMC စီမံကိန်းကို ၂၀၁၅ ခုနှစ်မှာ စတင် တည်ထောင်လိုက်ပြီး ဒါဟာ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး တဆင့်ခံ ယန္တရားအဖြစ် သတ်မှတ်ထားပြီး Lancang-Mekong နိုင်ငံတွေအကြား တူညီတဲ့ အနာဂတ်ကို တည်ဆောက်ရေးဆိုပြီး ဦးတည် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

မဲခေါင်ဖြစ်ဝှမ်းဒေသ ၆ နိုင်ငံဖြစ်ကြတဲ့ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးစည်းဝေးပွဲကို ဇန်နနာရီလ ၁၀ ရက်ကနေ ၁၁ ရက်နေ့အထိ ဖနွမ်းပင်မြို့မှာ တွေ့ဆုံပြီး ၅ နှစ် စီမံကိန်းအတွက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီ စည်းဝေးပွဲမှာ အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာကတော့ မဲခေါင်မြစ်ကို တိုက်ရိုက် ထိန်းချုပ်မှုနဲ့ သက်ဆိုင်တဲ့ ရေကာတာနဲ့ ဆည်မြောင်းစံနစ်တည်ဆောက်ရေး အပါအဝင် ရေစီမံခန့်ခွဲရေး ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG