သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေဂျင်းမှာ လေထု ညစ်ညမ်းမှု အနီရောင် သတိပေးချက် ထပ်မံထုတ်ပြန်


လေထု ညစ်ညမ်းနေတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့။
(ဒီဇင်ဘာ ၈ ၊ ၂၀၁၅)
လေထု ညစ်ညမ်းနေတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့။ (ဒီဇင်ဘာ ၈ ၊ ၂၀၁၅)

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အန္တရာယ်ကြီးတဲ့ မီးခိုးမြူမှုန်တွေ ဝင်လာနေ တာကြောင့် တရုတ်အာဏာပိုင်တွေက ဒုတိယ အကြိမ်မြောက် အဖြစ် လေထု ညစ်ညမ်းမှုဆိုင်ရာ အနီရောင်အဆင့် သတိပေးချက်ကို ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

မီးခိုးမြူမှုန်တွေဟာ တရုတ်မြောက်ပိုင်း ဒေသအတော်များများမှာ စနေနေ့ ကနေ နောက်သီတင်းပတ် အင်္ဂါနေ့အထိ ဆက်ရှိနေ မယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောထားပါတယ။် လေထုညစ်ညမ်းမှုဟာ ဘေးကင်းတဲ့အဆင့်ထက် အဆ ၂၀ ကျော်ထိ ပိုများမယ်လို့လည်း သတိပေးထားပါတယ်။

အနီရောင်အဆင့် သတိပေးချက်အရ ကျောင်းတွေနဲ့ စက်ရုံတချို့ကို ပိတ်ထားပြီး ပုဂ္ဂလိကပိုင်ကား ထက်ဝက် မမောင်းရပါဘူး။ ပြင်ပ ဆောက်လုပ်ရေး လုပ်ငန်းအားလုံးကိုလည်း ရပ်ထားရမှာပါ။ ဘေဂျင်းမြို့တော်သူ မြို့တော်သားတွေ ကြားမှာတော့ လက်ရှိ မီးခိုးမြူအခြေအနေကို အတော်လေး စိုးရိမ်နေကြပါတယ်။

ဆိုးရွားလာနေတဲ့ လေထုညစ်ညမ်းမှုပြဿနာကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အပေါ် လူထုက ဝေဖန်ပြောဆိုတာတွေကို တုန့်ပြန်တဲ့ အနေနဲ့ ပထမဆုံးအကြိမ် အနီရောင်အဆင့် သတိပေးချက်ကို တာဝန်ရှိသူတွေက ဒီလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံကို ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတခု ဖြစ် လာစေ တဲ့ ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံတွေကြောင့် ကမ္ဘာ ပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးနိုင်ငံတခုဖြစ်လာနေတာပါ။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်တာကို လျှော့ချဖို့ တရုတ်အစိုးရက အခိုင်အမာပြောထားပြီး မကြာသေးခင်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာရခဲ့တဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ သဘောတူစာချုပ်ကိုလည်း အပြည့်အ၀ ထောက်ခံထားပါတယ်။

XS
SM
MD
LG