သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ႐ွီ ႏွစ္သစ္ကူးမိန္႔ခြန္း အေမရိကန္ကို သြယ္ဝိုက္သတိေပး


台湾士兵在高雄举行抗击中国军队入侵的军演。(2023年1月11日)

တ႐ုတ္ႏွစ္သစ္ကူးမိန္႔ခြန္းမွာ သမၼတ Xi Jinping က အေမရိကန္ကို သြယ္ဝိုက္ၿပီး သတိေပးလိုက္ပါတယ္။ တ႐ုတ္အေနနဲ႔ ထိုင္ဝမ္ ခြဲထြက္ေရးနဲ႔ ဝင္စြက္ဖက္မူေတြကို အေလးအနက္ ခုခံတုံ႔ျပန္သြားမယ္လို႔ သမၼတ Xi က ႏွစ္သစ္ကူးမိန္႔ခြန္းစကားထဲမွာ ေျပာၾကားသြားတာပါ။ Great Hall ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီဝင္ေတြ၊ စစ္တပ္အႀကီးအကဲေတြ တက္ေရာက္တဲ့ Great Hall ျပည္သူ႔ခန္းမႀကီးမွာ ျပဳလုပ္တဲ့ ႏွစ္သစ္ကူးပြဲေတာ္အခမ္အနားမွာ ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပါတီနဲ႔ ျပည္သူေတြရဲ႕ ခိုင္မာတဲ့ သဓိ႒ာန္ေတြနဲ႔ ႀကိဳးစားမႈေတြေၾကာင့္ အခုႏွစ္မွာ ေအာင္ျမင္မႈေတြ ရ႐ွိခဲ့တာျဖစ္ေၾကာင္းနဲ႔ ျပည္သူနဲ႔ ပါတီၾကားခိုင္ၿမဲတဲ့စည္းလုံးရပ္တည္မႈက ဘယ္လို အခက္အခဲေတြကိုမဆို ေက်ာ္လႊားႏိုင္မွာ ျဖစ္တယ္လို႔ သမၼတ Xi Jinping က မိန္႔ခြန္းထဲမွာ ေျပာၾကားသြားပါတယ္။

ပါတီနဲ႔ စစ္တပ္ဟာလည္း ႏိုင္ငံတကာအေရးမွာ ခက္ခဲစိန္ေခၚမႈေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ရင္း တိုးတက္ႀကီးမားလာခဲ့တယ္လို႔ ေျပာၾကားသြားပါတယ္။ အေမရိကန္ရဲ႕ ထိုင္ဝမ္အေရး ဆက္ဆံမႈနဲ႔ ပတ္သက္ၿပီး သြယ္ဝိုက္သတိေပးတာမွာေတာ့ ခြဲထြက္ေရးနဲ႔ ဝင္စြက္ဖက္မႈေတြကို မဆုတ္မနစ္ ဆန္႔က်င္ တြန္းလွန္သြားမယ္လို႔ အေလးအနက္ ကတိျပဳတယ္လို႔ ေျပာၾကားပါတယ္။

ႏိုင္ငံတကာအေရးမွာ မိတ္ေဆြေတြ ပိုမ်ားလာဖို႔ ႀကိဳးပမ္းသြားမွာျဖစ္သလို၊ လိႈင္းထန္တဲ့ ႏိုင္ငံတကာဝန္းက်င္မွာ တ႐ုတ္ဝိေသသလကၡဏာနဲ႔အညီ တက္ႂကြတဲ့ သံတမန္ေရးနည္းလမ္းသုံးၿပီး တည္ၿငိမ္ေအာင္ ႀကိဳးပမ္းသြားမယ္လို႔ ဆိုပါတယ္။ ႏိုင္ငံေတာ္ ကာကြယ္ေရးနဲ႔ လက္နက္ကိုင္တပ္ေတြ ေခတ္မီတိုးတက္ေရးအတြက္ ၿပီးခဲ့တဲ့ ႏွစ္ထဲမွာကို ခိုင္မာတဲ့ ေျခလွမ္းႀကီးေတြ လွမ္းႏိုင္ခဲ့ၿပီးၿပီလို႔ တ႐ုတ္ႏွစ္သစ္ကူးမိန္႔ခြန္းမွာ သမၼတ Xi ကေျပာၾကားသြားခဲ့ပါတယ္။

==== Unicode ===

တရုတ်နှစ်သစ်ကူးမိန့်ခွန်းမှာ သမ္မတ Xi Jinping က အမေရိကန်ကို သွယ်ဝိုက်ပြီး သတိပေးလိုက်ပါတယ်။ တရုတ်အနေနဲ့ ထိုင်ဝမ် ခွဲထွက်ရေးနဲ့ ဝင်စွက်ဖက်မူတွေကို အလေးအနက် ခုခံတုံ့ပြန်သွားမယ်လို့ သမ္မတ Xi က နှစ်သစ်ကူးမိန့်ခွန်းစကားထဲမှာ ပြောကြားသွားတာပါ။ Great Hall ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေ၊ စစ်တပ်အကြီးအကဲတွေ တက်ရောက်တဲ့ Great Hall ပြည်သူ့ခန်းမကြီးမှာ ပြုလုပ်တဲ့ နှစ်သစ်ကူးပွဲတော်အခမ်အနားမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ပါတီနဲ့ ပြည်သူတွေရဲ့ ခိုင်မာတဲ့ သဓိဋ္ဌာန်တွေနဲ့ ကြိုးစားမှုတွေကြောင့် အခုနှစ်မှာ အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ကြောင်းနဲ့ ပြည်သူနဲ့ ပါတီကြားခိုင်မြဲတဲ့စည်းလုံးရပ်တည်မှုက ဘယ်လို အခက်အခဲတွေကိုမဆို ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ သမ္မတ Xi Jinping က မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။

ပါတီနဲ့ စစ်တပ်ဟာလည်း နိုင်ငံတကာအရေးမှာ ခက်ခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း တိုးတက်ကြီးမားလာခဲ့တယ်လို့ ပြောကြားသွားပါတယ်။ အမေရိကန်ရဲ့ ထိုင်ဝမ်အရေး ဆက်ဆံမှုနဲ့ ပတ်သက်ပြီး သွယ်ဝိုက်သတိပေးတာမှာတော့ ခွဲထွက်ရေးနဲ့ ဝင်စွက်ဖက်မှုတွေကို မဆုတ်မနစ် ဆန့်ကျင် တွန်းလှန်သွားမယ်လို့ အလေးအနက် ကတိပြုတယ်လို့ ပြောကြားပါတယ်။

နိုင်ငံတကာအရေးမှာ မိတ်ဆွေတွေ ပိုများလာဖို့ ကြိုးပမ်းသွားမှာဖြစ်သလို၊ လှိုင်းထန်တဲ့ နိုင်ငံတကာဝန်းကျင်မှာ တရုတ်ဝိသေသလက္ခဏာနဲ့အညီ တက်ကြွတဲ့ သံတမန်ရေးနည်းလမ်းသုံးပြီး တည်ငြိမ်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ်တွေ ခေတ်မီတိုးတက်ရေးအတွက် ပြီးခဲ့တဲ့ နှစ်ထဲမှာကို ခိုင်မာတဲ့ ခြေလှမ်းကြီးတွေ လှမ်းနိုင်ခဲ့ပြီးပြီလို့ တရုတ်နှစ်သစ်ကူးမိန့်ခွန်းမှာ သမ္မတ Xi ကပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG