သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်မှာ ဂျပန်ဆန့်ကျင်းရေး ဆန္ဒပြ


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဂျပန် သံရုံးအနီး ဆန္ဒပြနေကြတဲ့ တရုတ်နိုင်ငံသားများ။ (စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဂျပန် သံရုံးအနီး ဆန္ဒပြနေကြတဲ့ တရုတ်နိုင်ငံသားများ။ (စက်တင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
တရုတ်နိုင်ငံထဲမှာ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဒုတိယနေ့အဖြစ် ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆက်ဖြစ်နေတာကြောင့် တရုတ်နိုင်ငံထဲမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေနဲ့ သူတို့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဂျပန် ဝန်ကြီးချုပ် Yoshihiko Noda က တရုတ်နိုင်ငံကို တောင်းဆိုထားပါတယ်။

အရှေ့တရုတ်ပင်လယ်ထဲက နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုကို ဂျပန်က လုံးဝထိန်းချုပ်ဖို့ ဆောင်ရွက်နေမှု အပေါ်မှာ တရုတ်နိုင်ငံတွင်း ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်နေတာပါ။ စနေနေ့ကတော့ ဘေဂျင်းက ဂျပန်သံရုံးရှေ့မှာ ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ စုဝေးဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ခဲတွေနဲ့ ပစ်ပေါက်ပြီး ဂျပန်အလံကိုလည်း မီးရှို့ဆန္ဒပြပါတယ်။ ဆန္ဒပြမှုဟာ တရုတ်က အခြားမြို့တွေဆီလည်း ကူးစက်သွားပါတယ်။

အငြင်းပွားနေတဲ့ ကျွန်းစုတွေက မြေပိုင်ရှင်ဖြစ်သူတွေ ဆီကနေ ဂျပန်အစိုးရက မြေတွေ ဝယ်ယူလိုက်တာကြောင့် အခုလိုတရုတ်ဘက်က မကျေမနပ်ဖြစ်ခဲ့တာပါ။ အခုလို ဝယ်ယူတာဟာ တရားမဝင်ဘဲ၊ ဒီမြေဟာ သူတို့ရဲ့ ပိုင်နက်တွေဖြစ်တယ်လို့ တရုတ်က အခိုင်အမာ ပြောနေပါတယ်။ တရုတ်က ဒိုင်အိုယူ လို့ခေါ်ပြီး ဂျပန်ဘက်က ဆန်ကာကု လို့ခေါ်တဲ့ အဲဒီ ကျွန်းစုအနီး ရေနယ်နိမိတ်ကို တရုတ်ဘက်ကလည်း စူးစမ်းရေးသင်္ဘော ၆ စင်း သောကြာနေ့က စေလွှတ်ခဲ့တာကြောင့် နှစ်ဘက် တင်းမာမှုဟာ ပိုကြီးလာခဲ့ပါတယ်။
XS
SM
MD
LG