သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ဂျပန် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးမည်


တရုတ်-ဂျပန် ချစ်ကြည်ရေး ဆွေးနွေးပွဲ။
တရုတ်-ဂျပန် ချစ်ကြည်ရေး ဆွေးနွေးပွဲ။

တရုတ်နဲ့ ဂျပန်တို့ကြားမှာ ဆွေးနွေးပွဲတွေ တိုးပြီး ကျင်းပဖို့ နှစ်နိုင်ငံ သဘောတူ လိုက်ကြပါပြီ။ ဒီသဘောတူညီချက်ဟာဆိုရင် ကမ္ဘာ့ ဒုတိယနဲ့ တတိယ စီးပွားရေး အကြီးဆုံး နိုင်ငံကြီး နှစ်ခု အကြား ကာလရှည် အေးခဲနေတဲ့ ဆက်ဆံရေး ကို ဖောက်ထွက်နိုင်မယ့် ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။ နှစ်ဘက်တို့ အနေနဲ့ နိုင်ငံရေး ၊ သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေကို တဖြည်းဖြည်းချင်း ပြန်စပြီး ရင့်ကျက်တဲ့ နိုင်ငံရေး ယုံကြည်မှုကို တည်ဆောက်နိုင်ရေး အတွက် လုပ်ဆောင်ကြဖို့ နှစ်ဘက်တို့ သဘောတူခဲ့ကြတယ် လို့လည်း တရုတ် နိုင်ငံခြ ားရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

ဆွေးနွေးပွဲတွေကို ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာနဲ့ နှစ်နိုင်ငံ ဘယ်အဆင့်ရှိ ပုဂ္ဂိုလ်တွေ ဆွေးနွေးကြမလဲ ဆိုတာကိုတော့ တရုတ်ဘက်က မပြောပါဘူး။ တရုတ် ထိပ်တန်း သံတမန် Yang Jiechi နဲ့ ဂျပန် အမျိုးသား လုံခြုံရေး အကြံပေး Shotaro Yachi တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ သောကြာနေ့ တွေ့ဆုံဆွေးနွေးမှု အတွင်း အခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အရှေ့တရုတ် ပင်လယ်ပြင် အတွင်းက နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ကျွန်းတွေမှာ နှစ်နိုင်ငံ ရပ်တည်ချက် မတူတာတွေ ရှိနေတယ် ဆိုတာကို နှစ်ဘက် စလုံးက အသိအမှတ်ပြုပြီး တင်းမာမှုတွေ လျော့ကျစေဖို့ အတွက် ပဋိပက္ခ စီမံခန့်ခွဲရေး ယန္တယား တခုကို တည်ဆောက်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့်လည်း နောက်သတင်းပတ် ဘေဂျင်းမှာ ကျင်းပမယ့် အာရှ ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး ညီလာခံမှာ တရုတ် သမ္မတနဲ့ ဂျပန် ဝန်ကြီးချုပ်တို့ တွေ့ဆုံကြမယ်လို့ အများက ထင်ကြေးပေး ပြောဆိုနေကြတာတွေ ကိုတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက်ပေး ပြောဆိုခဲ့တာ မရှိပါဘူး။

XS
SM
MD
LG