သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခရီးသွားတွေအတွက် ဂျပန် ကိုဗစ်စည်းကမ်းတင်းကြပ်မည်


တရုတ်နိုင်ငံ၊ Guangzhou Baiyan လေဆိပ်ကနေ ထွက်ခွါဖို့စောင့်နေတဲ့ခရီးသည်များ၊ ဒီဇင်ဘာ ၂၅။ ၂၀၂၂
တရုတ်နိုင်ငံ၊ Guangzhou Baiyan လေဆိပ်ကနေ ထွက်ခွါဖို့စောင့်နေတဲ့ခရီးသည်များ၊ ဒီဇင်ဘာ ၂၅။ ၂၀၂၂

တရုတ်နိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် တရုတ်က ဝင်ရောက်လာသူတွေအတွက် စစ်ဆေးမှု တင်းတင်း ကြပ်ကြပ် ဆောင်ရွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အင်္ဂါနေ့မှာ ကြေညာပါတယ်။


" အခြေအနေအရ တရုတ်နိုင်ငံက ခရီးသွားတွေကို အရေးပေါ်ဆောင်ရွက်ချက်တွေ ယာယီသတ်မှတ်လိုက်ရတာပါ။ ဒီဆောင်ရွက်ချက်တွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၁၂ နာရီမှာစတင်အကျုံးဝင်မှာဖြစ်ပါတယ် "လို့ ဂျပန်ဝန်ကြီးချုပ်က ဒီဇင်ဘာ ၂၇ ရက်၊ သတင်းစာရှင်းလင်းပွဲ မှာပြောဆိုသွားတာဖြစ်ပါတယ်။


ဂျပန်နိုင်ငံကို ၇ ရက်တာကာလအတွင်းရောက်ရှိလာသူအားလုံးအပါအဝင် တရုတ်ပြည်မကြီးက ဝင်ရောက်လာသူအားလုံး မဖြစ်မနေ Covid-19 ပိုးစစ်ဆေးခံရမယ်လို့ ဝန်ကြီးချုပ် Kishida ကပြောပါတယ်။
ပိုးစစ်ဆေးတွေ့ရှိသူတွေအနေနဲ့ အစိုးရကသတ်မှတ်ထားတဲ့ နေရာတွေမှာ ၇ ရက်ကြာသီးခြားခွဲနေထိုင်ကြရမယ်လို့လည်းပြောပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ တရုတ်နိုင်ငံကြား ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေကို လေ ျှာ့ချထားကြောင်းလည်း ဝန်ကြီး Kishida ကအသိပေးပြောကြားသွားတာပါ။


ဂျပန်နိုင်ငံတွင်း ကိုဗစ်ပိုးကူးစက်မှု မြင့်မားမလာအောင် ကာကွယ်တဲ့အနေနဲ့ ခုလိုဆောင်ရွက်ရတာဖြစ်ပြီး ခရီးသွားလာမှုကို ကန့်သတ်လိုက်တာမဟုတ်ဘူးလို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ ကိုဗစ်ကာကွယ်ဆေး ၃ လုံးထိုးထားပြီးသူတွေကတော့ ဂျပန်နိုင်ငံမှာ Covid-19 ပိုးစစ်ဆေးခံဖို့ မလိုအပ်ပါဘူး။

တရုတ်ခရီးသွားတွေအတွက် ဂျပန် ကိုဗစ်စည်းကမ်းတင်းကြပ်မည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Unicode


XS
SM
MD
LG