သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျွန်းပိုင်ဆိုင်မှုအတွက် တရုတ်နဲ့ ဂျပန်တို့ အပြိုင် ဆန္ဒပြ


ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည့် Chengdu မြို့က တရုတ်နိုင်ငံသားများ (အောက်တိုဘာလ ၁၆၊ ၂၀၁၀)
ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည့် Chengdu မြို့က တရုတ်နိုင်ငံသားများ (အောက်တိုဘာလ ၁၆၊ ၂၀၁၀)

အရှေ့ တရုတ်ပင်လယ်ထဲက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကျွန်းတွေရဲ ့ပိုင်ဆိုင်မှုအတွက် တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ ဆန္ဒပြခဲ့ကြ ပါတယ်။ တရုတ်နိုင်ငံက ရှန်း၊ (Xian) ချန်းဒီး (Chengdu)၊ ဂျန်ဂျို့ (Zhengzhou) မြို့တွေမှာ ဆန္ဒပြပွဲကြီးတွေဖြစ်ခဲ့ပြီး ကျွန်းတွေရဲ့ အချုပ်အခြာကို တရုတ်က ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောနေကြတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ဂျပန်လုပ်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေဟာ အများစု ငြိမ်းငြိမ်းချမ်းချမ်းပဲလို့ သတင်းအေဂျင်စီတွေက ပြောကြပေမဲ့ ချန်းဒီးမြို့ထဲက ဂျပန်ဆိုင် ၂ ဆိုင်ရဲ့ ပြတင်းပေါက်တွေ၊ ဆိုင်ထဲက Showcase တွေကို တရုတ်ဆန္ဒပြသူတွေက ရိုက်ချိုး ဖျက်းဆီးခဲ့တယ်ဆိုတာကို ဆိုင်ရှင် ၂ ယောက်ရဲ့အပြောကို ကိုးကားပြီး ဂျပန်က ကျိုဒိုသတင်း အေဂျင်စီက ဖေါ်ပြပါတယ်။

ဂျပန်နိုင်ငံ Tokyo မြို့မှာတော့ ဆန္ဒပြသူ ၃ ထောင်လောက်က တရုတ်ကျူးကျော်သူတွေကို သတိထားဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြတဲ့အပေါ် တရုတ်အစိုးရက အထူးစိုးရိမ်တယ် ဆိုတာကို တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းကပြောပါတယ်။ ခုလို သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကျွန်းတွေဟာ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းနဲ့ ထိုင်ဝမ်ကျွန်းတွေကြားထဲမှာ ရှိပါတယ်။ အဲဒီကျွန်းစုတွေကို တရုတ်က ဒရောယု (Diaoyu) လို့ ခေါ်ပြီး ဂျပန်ဘက်ကတော့ Senkaku ကျွန်းတွေလို့ ခေါ်ကြပါတယ်။

XS
SM
MD
LG