သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားကျွန်းကိစ္စ တရုတ် - ဂျပန် ဆွေးနွေး


ဒီကနေ့ ဂျပန် နဲ့ တရုတ် နှစ်နိုင်ငံအကြား ထိပ်တန်းအဆင့် ဆွေးနွေးပွဲတွေ ကျင်းပနေပြီး အဲ့ဒီမှာ အဓိကကတော့ အရှေ့တရုတ် ပင်လယ်ထဲက သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု ဖြစ်နေတဲ့ လူမနေတဲ့ကျွန်းစုတွေကိစ္စ ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်ပြည်အရှေ့ပိုင်း ဟန်ဇောင်းမြို့မှာ ကျင်းပနေတဲ့ ဒီအစည်းအဝေးကို နှစ်ဖက်စလုံးက နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေက
တာဝန်ရှိသူတွေအပြင် ကမ်းခြေစောင့်တပ်ဖွဲ့က တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာပါ။ ဒါ့အပြင် ဒီဆွေးနွေးပွဲက ဒီဇင်ဘာလတုန်းက သဘောတူညီခဲ့ကြတဲ့ ရေပိုင်နက် လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်မယ့် ဆွေးနွေးပွဲတွေရဲ့ ပထမ အကျော့လည်း ဖြစ်ပါတယ်။

တရုတ်မှာတော့ ဒိုင်အိုယု သိကြပြီး ဂျပန်မှာတော့ ဆန်ကာကု (Sen Ka Ku) ဒီကျွန်းစုတွေ ပြဿနာဟာ တရုတ်နဲ့ ဂျပန်အကြား ဆက်ဆံရေးမှာ မကြာခဏ တင်းမာမှုတွေ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်း တရပ်လည်း ဖြစ်တာပါ။

ဂျပန်ဘက်ကတော့ - ဒီနေရာကို သူတို့ရဲ့ မူပိုင် စီးပွားရေးနယ်မြေ အစိတ်အပိုင်းတခု အနေနဲ့ ပြောဆိုနေပြီးတော့ - တရုတ်ဘက်ကကျတော့ ဒါတွေဟာ ရှေးပဝေသဏီ ကတည်းက တရုတ်ပိုင် ကျွန်းစုတွေဖြစ်တယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။

XS
SM
MD
LG