သုံးရလွယ်ကူစေသည့် Link များ

ဂျပန်နဲ့ဆက်ဆံရေးကောင်းဖို့ တရုတ်မျှော်လင့်


တရုတ်ဒုသမ္မတ Li Yuanchao.
တရုတ်ဒုသမ္မတ Li Yuanchao.

ဂျပန်နိုင်ငံနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ကြောင်း တရုတ်ဒုသမ္မတက ပြောကြားလိုက်ပါတယ်။ ဒုသမ္မတဟာ တရုတ်နိုင်ငံကို ရောက် ရှိနေတဲ့ ဂျပန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ အင်္ဂါနေ့ ဘေဂျင်းမှာ တွေ့ဆုံခဲ့တာပါ။

နယ်မြေပိုင်ဆိုင်မှုနဲ့ သမိုင်းဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ဆက်ဆံရေး တင်းမာမှုတွေရှိနေတဲ့ တရုတ်နဲ့ ဂျပန်နိုင်ငံကြား ဒီလိုတွေ့ဆုံတာဟာ နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ပိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ တိုကျိုမြို့ အုပ်ချုပ်ရေးမှူး Keiji Yamada ဦးဆောင်တဲ့ ဂျပန်ကိုယ်စားလှယ်အဖွဲ့ဟာ Sino-Japan အုပ်ချုပ်ရေးမှူး ဖိုရမ်ကို တက်ရောက်ဖို့ ဘေဂျင်းကို ရောက်နေတာပါ။

ရေရှည်တည်ငြိမ်တဲ့ တရုတ်ဂျပန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဟာ နှစ်နိုင်ငံ လူထုရဲ့ အကျိုးစီးပွားကို အခြေခံရမှာ ဖြစ်တယ်လို့ ဒုသမ္မတ Li Yuanchao က ဂျပန်ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့တဲ့အကြောင်း တရုတ်ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ သမိုင်းမှာ ရှိခဲ့တဲ့ သင်ခန်းစာတွေကို ပြန်သုံးသပ်ဖို့နဲ့ အနာဂတ်ကိုလည်း ရင်ဆိုင်ဖို့ ဒုသမ္မတ လီ က ပြောဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဦးဆောင်တဲ့ ဂျပန် ကွန်ဆာဗေးတစ် အစိုးရဟာ ဒုတိယ ကမ္ဘာစစ်အကြိုကာလက စစ်ဝါဒကို ပြန်လည်ဖော်ထုတ်ဖို့ ဆောင်ရွက်နေတယ်ဆိုပြီး တရုတ်အစိုးရက ပြစ်တင်ဝေဖန်နေခဲ့တာပါ။

XS
SM
MD
LG