သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သရုပ်ပြပျံသန်းတဲ့ တရုတ်တိုက်လေယာဉ် ပျက်ကျ

တရုတ်နိုင်ငံ ရှန်ရှီ (Shangxi) ပြည်နယ်မှာ ဒီကနေ့ သောကြာနေ့မှာလုပ်တဲ့ လေယာဉ်ပြပွဲမှာ တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့တယ်လို့ တရုတ် တာဝန်ရှိသူတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေတော့ မသိရသေးပါဘူး။

ပူချန်နိုင်ဖူ (Puchang Neifu) လေဆိပ်မှာလုပ်ခဲ့တဲ့ နိုင်ငံတကာ လေယာဉ်ပြပွဲမှာ တရုတ်လုပ် တိုက်လေယာဉ် ဟာ ကွင်းပြင်ထဲကို ဦးစိုက် ထိုးကျသွားပြီး မီးလောင် ပေါက်ကွဲသွားတဲ့ ပုံတွေကို တရုတ်အစိုးရရဲ့ CCTV မှာ ပြသနေပါတယ်။ လေယာဉ် ပျက်မကျခင်ခင် လေယာဉ်မှူးဟာ ဘေးလွတ်အောင် လေယာဉ်ထဲကနေ ထွက်နိုင်ခဲ့တာကိုလည်း ဗွီဒီယိုတွေမှာ မြင်ရပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်က ဘာ အမျိုးအစားလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ CCTV က ပျက်ကျသွားတဲ့ ဂျက်လေယာဉ်ဟာ ရှာလောန်း (Xiaolong) FC-1 Fierce Dragon ဖြစ်တယ်လို့ ပြောနေပြီး ဆင်ဟွာသတင်းကတော့ JH-7 Flying Leopard ဖြစ်တယ်လို့ ပြောနေပါတယ်။

This item is part of
XS
SM
MD
LG