သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ကျန်ဇီမင်း ကျန်းမာရေးသတင်း တရုတ် ဆင်ဆာဖြတ်

သမ္မတဟောင်း ကျန်ဇီမင်း ကျန်းမာရေးသတင်း တရုတ် ဆင်ဆာဖြတ်
သမ္မတဟောင်း ကျန်ဇီမင်း ကျန်းမာရေးသတင်း တရုတ် ဆင်ဆာဖြတ်

တရုတ်သမ္မတဟောင်း ကျန်ဇီမင်း (Jiang Zemin) ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အင်တာနက် အွန်လိုင်းမှာ ပြောဆိုကြတာတွေကို တရုတ်အာဏာပိုင်တွေက ဆင်ဆာလုပ် ကန့်သတ်နေပါတယ်။

ဘေဂျင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီ အဓိက အစည်းအဝေးတခုကို ကျန်ဇီမင်း မတက်ခဲ့တဲ့အတွက် သူ အတော် မကျန်းမမာ ဖြစ်နေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့တာပါ။

တရုတ်ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့တဲ့ နှစ် ၉၀ ပြည့် အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားတွေကို သောကြာနေ့က ကျင်းပခဲ့တာမှာ အသက် ၈၄ နှစ်အရွယ် မစ္စတာကျန် မတက်ရောက်ခဲ့ပါဘူး။

မစ္စတာကျန်ဟာ ဘေဂျင်းမြို့တော်က အမှတ် ၃၀၁ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပုံ ရတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဟောင်ကောင်ထုတ် စင်ပေါင် (Hsin Pao) စီးပွားရေးဂျာနယ်က ရေးပါတယ်။

Twitter လိုမျိုး တရုတ်နိုင်ငံက Weibo အင်တာနက် စာမျက်နှာဟာ ကျန်ဇီမင်း၊ နှလုံးရောဂါ၊ အထွေထွေ အတွင်းရေးမှူးချုပ် စတဲ့ စကားလုံးတွေကို ပိတ်ပစ်ခဲ့တဲ့အတွက် သမ္မတဟောင်းရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုတာတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG