သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ကမ္းလြန္မွာ အာကာသယာဥ္ အပိုင္းအစတခ်ိဳ႕ က်ေရာက္ခဲ့


ရခုိင္ျပည္နယ္၊ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္း ေရနံခ်က္စက္႐ံုရွိရာ ဆိပ္ကမ္းတခုျမင္ကြင္း။ (ေအာက္တိုဘာ ၂၊ ၂၀၁၉ )

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္ေတာင္ပိုင္းကမ္းလြန္ ဘဂၤလားပင္လယ္ျပင္ထဲကို အာကာသယာဥ္ကလို႔ ယူဆရတဲ့ အပိုင္းအစတခ်ိဳ႕ ဒီကေန႔မနက္ပိုင္းက က်ေရာက္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ Spaceflight လႈပ္ရွားမႈကေန အပိုင္းအစတစ္ခ်ိဳ႕ ရခိုင္ျပည္နယ္ အတြင္းက ပင္လယ္ျပင္ကို က်ေရာက္ႏိုင္တယ္လို႔ သက္ဆိုင္ရာက သတိေပးခ်က္ထုတ္ျပန္ထားခ်ိန္မွာပဲ ခုလိုက်ေရာက္ခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ သတင္းေပးပို႔ထားခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

တရုတ္ႏိုင္ငံပုိင္ အာကာသယာဥ္က အစိတ္အပုိင္းေတြ ရခိုင္ျပည္နယ္နဲ႔ ဧရာဝတီတိုင္းဘက္ကို က်လာႏုိင္တယ္လို႔ ျမန္မာအာဏာပုိင္ေတြ သတိေပးထားၿပီး ရက္ပုိင္ အတြင္းမွာပဲ သံတြဲနဲ႔ မာန္ေအာင္ၿမိဳ႕နယ္ေတြအနီး ဘဂၤလားပင္လယ္ျပင္ထဲ က်ေရာက္ခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီကေန႔ မနက္ပိုင္း ၆ နာရီေက်ာ္ေလာက္မွာ ထူးဆန္းတဲ့ မီးခိုးတန္းတခု ထိုးဆင္းသြားတာကို ေတြ႔လိုက္တယ္လို႔ မာန္ေအာင္ေဒသခံ အမ်ိဳးသမီးတဦးက ခုလိုေျပာျပပါတယ္။

“က်မမနက္ေစာေစာ လမ္းေလ်ာက္ထြက္တယ္။ ၆နာရီေလာက္မွာ ျပန္လာေတာ့ အိမ္ေရွ႕နားေရာက္ေတာ့ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္တာနဲ႔ မိုးခိုးတန္းႀကီးက ေအာက္ကို ဆင္းလာသလိုပဲ က်မျမင္လိုက္တယ္။ ဘာမွန္းလည္းမသိဘူး။”

အဲဒီလို မီးခိုးတန္းႀကီး ပင္လယ္ျပင္ဘက္က်သြားတာကို ရခိုင္ျပည္နယ္ ေနရာေတာ္ေတာ္မ်ားမ်ားက လူေတြ ျမင္လိုက္ၾကရပါတယ္။ တ႐ုတ္အာကာသယာဥ္ အပိုင္းအစေတြဟာ သံတြဲေလဆိပ္ရဲ႕ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၄ မိုင္ခန္႔၊ မာန္ေအာင္ေလဆိပ္ရဲ႕ ေတာင္ဘက္ေရမိုင္ ၃၄ မိုင္ခန္႔နဲ႔ ပုသိမ္ေလဆိပ္ရဲ႕ အေနာက္ေျမာက္ဘက္ ေရမိုင္ ၆၅ ခန္႔အကြာမွာ က်ေရာက္ႏုိင္ေၾကာင္း ျမန္မာႏုိင္ငံ စိုက္ပ်ိဳးေရး ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာနကလည္း သက္ဆိုင္ရာ ေနရာေတြမွာ သတိေပးထားပါတယ္။ ငါးလုပ္ငန္းဦးစီးဌာနကိုလည္း ႐ံုးခ်ဳပ္က အသိေပးတာတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာန ညြန္ၾကားေရးမွဴး ဦးသက္ဦးက ေျပာျပပါတယ္။

“က်ေနာ္တို႔ဆီကိုေတာ့ ရံုးခ်ဳပ္ကေနၿပီးေတာ့ေပါ့ေနာ္။ မေန႔ကရက္စြဲနဲ႔ တရုတ္ ျပည္သူ႔သမၼတႏိုင္ငံက Spaceflight လွုပ္ရွားမွုနဲ႔ ပတ္သတ္လို႔ သတိေပးခ်က္ ထုတ္ျပန္ထားျခင္း ဆိုၿပီးေတာ့ စာတေစာင္ အေၾကာင္းၾကားစာဝင္လာတယ္။ ေလေၾကာင္း အႏၱရာယ္ကင္းရွင္းေရးစာ ၂၃ ရက္၊ ၁၁ လ၊ ၂၀၂၁ မနက္ ၆နာရီ ၁၈ မိနစ္ကေလ။ ၆ နာရီ (မိနစ္) ေလးဆယ္အတြင္းမွာ ျဖစ္ႏို္င္ေျခရွိေၾကာင္းဆိုၿပီး က်ေနာ္တို႔ဆီကို သတိေပးထားပါတယ္။ အဲဒီစာမွာေတာ့ သံတြဲေလဆိပ္ရဲ႕ ေရမိုင္ ၃၄ မိုင္ခန္႔၊ မာန္ေအာင္ေလဆိပ္ရဲဲ႕ ေရမိုင္ ၃၄ မို္င္ခန္႔နဲ႔ ပုသိမ္ေလဆိပ္ရဲ႕ အနာက္ဘက္ ေရမိုင္ ၆၅ မိုင္ခန္႔အကြာ ဘဂၤလားပင္လယ္ေအာ္အတြင္း က်ေရာက္ႏိုင္တယ္လို႔ အဲလို သတိေပးထားပါတယ္ဗ်ာ။ အဲဒီစာကို က်ေနာ္တို႔ သံတြဲ ေက်ာက္ျဖူ ခရိုင္ရံုးေတြကေနတဆင့္ Email နဲ႔ အေၾကာင္းၾကားထားပါတယ္ခင္မ်ာ။ ဒီေန႔မနက္ကေတာ့ စစ္ေတြကမ္းေျခမွာ လမ္းေလ်ာက္တဲ့လူေတြ မီးခိုးတန္းတခုက်သြားတာကို ျမင္လိုက္ရတယ္လို႔ ၾကားပါတယ္။”

တ႐ုတ္ႏိုင္ငံက Gaofen 3 လို႔နာမည္ေပးထားတဲ့ C-band အမ်ဳိးအစား ၿဂိဳဟ္တုတခု မြန္ဂိုးလီးယားမွာ႐ွိတဲ့ တ႐ုတ္ရဲ႕ Jiuquan ၿဂိဳဟ္တု လႊတ္တင္ေရးစင္တာကေန လႊတ္တင္ခဲ့တယ္လို႔ NASASpaceflight.com မွာသတင္းထုတ္ျပန္ထားပါတယ္။ တရုတ္အာကာသယာဥ္အပိုင္းအစေတြ ဘယ္ေနရာ အတိအက်ကုိ က်ခဲ့သလဲ၊ က်ေရာက္တဲ့အေနရာမွာ ငါးဖမ္းေလွေတြ ႐ွိေနသလား၊ ထိခိုက္ပ်က္စီးမႈ ႐ွိခဲ့သလားဆိုတာကိုေတာ့ အတိအက် မသိရေသးသလို သက္ဆိုင္ရာအာဏာပိုင္ေတြ ဖက္ကလည္း သတင္းထုတ္ျပန္ျခင္း မ႐ွိေသးပါဘူး။ ၿပီးခဲ့တဲ့ ၂၀၂၀ ခုနွစ္ ဒီဇင္ဘာလအကုန္ပိုင္းေလာက္ကလည္း ရခိုင္ေတာင္ပိုင္း သံတြဲၿမိဳ႕အနီး က ပင္လယ္ျပင္ထဲကို တရုတ္ႏုိင္ငံက အာသယာဥ္အပိုင္းအစတစ္ခ်ိဳ႕ က်ေရာက္ခဲ့ဖူးပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းကလည္း ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္ေဟာင္းတခုအေပၚ အာကာသယာဥ္ကလို႔ ယူဆရတဲ့ သတၱဳကိုယ္ထည္ အပိုင္းတခု က်လာခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

ရခိုင်ကမ်းလွန်မှာ အာကာသယာဉ် အပိုင်းအစတချို့ ကျရောက်ခဲ့

ရခိုင်ပြည်နယ်တောင်ပိုင်းကမ်းလွန် ဘင်္ဂလားပင်လယ်ပြင်ထဲကို အာကာသယာဉ်ကလို့ ယူဆရတဲ့ အပိုင်းအစတချို့ ဒီကနေ့မနက်ပိုင်းက ကျရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ Spaceflight လှုပ်ရှားမှုကနေ အပိုင်းအစတစ်ချို့ ရခိုင်ပြည်နယ် အတွင်းက ပင်လယ်ပြင်ကို ကျရောက်နိုင်တယ်လို့ သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ထားချိန်မှာပဲ ခုလိုကျရောက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံ သတင်းပေးပို့ထားချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံပိုင် အာကာသယာဉ်က အစိတ်အပိုင်းတွေ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဘက်ကို ကျလာနိုင်တယ်လို့ မြန်မာအာဏာပိုင်တွေ သတိပေးထားပြီး ရက်ပိုင် အတွင်းမှာပဲ သံတွဲနဲ့ မာန်အောင်မြို့နယ်တွေအနီး ဘင်္ဂလားပင်လယ်ပြင်ထဲ ကျရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၆ နာရီကျော်လောက်မှာ ထူးဆန်းတဲ့ မီးခိုးတန်းတခု ထိုးဆင်းသွားတာကို တွေ့လိုက်တယ်လို့ မာန်အောင်ဒေသခံ အမျိုးသမီးတဦးက ခုလိုပြောပြပါတယ်။

“ကျမမနက်စောစော လမ်းလျောက်ထွက်တယ်။ ၆နာရီလောက်မှာ ပြန်လာတော့ အိမ်ရှေ့နားရောက်တော့ ကောင်းကင်ကို မော့ကြည့်လိုက်တာနဲ့ မိုးခိုးတန်းကြီးက အောက်ကို ဆင်းလာသလိုပဲ ကျမမြင်လိုက်တယ်။ ဘာမှန်းလည်းမသိဘူး။”

အဲဒီလို မီးခိုးတန်းကြီး ပင်လယ်ပြင်ဘက်ကျသွားတာကို ရခိုင်ပြည်နယ် နေရာတော်တော်များများက လူတွေ မြင်လိုက်ကြရပါတယ်။ တရုတ်အာကာသယာဉ် အပိုင်းအစတွေဟာ သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၄ မိုင်ခန့်၊ မာန်အောင်လေဆိပ်ရဲ့ တောင်ဘက်ရေမိုင် ၃၄ မိုင်ခန့်နဲ့ ပုသိမ်လေဆိပ်ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၆၅ ခန့်အကွာမှာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနကလည်း သက်ဆိုင်ရာ နေရာတွေမှာ သတိပေးထားပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနကိုလည်း ရုံးချုပ်က အသိပေးတာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးသက်ဦးက ပြောပြပါတယ်။

“ကျနော်တို့ဆီကိုတော့ ရုံးချုပ်ကနေပြီးတော့ပေါ့နော်။ မနေ့ကရက်စွဲနဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံက Spaceflight လှုပ်ရှားမှုနဲ့ ပတ်သတ်လို့ သတိပေးချက် ထုတ်ပြန်ထားခြင်း ဆိုပြီးတော့ စာတစောင် အကြောင်းကြားစာဝင်လာတယ်။ လေကြောင်း အန္တရာယ်ကင်းရှင်းရေးစာ ၂၃ ရက်၊ ၁၁ လ၊ ၂၀၂၁ မနက် ၆နာရီ ၁၈ မိနစ်ကလေ။ ၆ နာရီ (မိနစ်) လေးဆယ်အတွင်းမှာ ဖြစ်နိုင်ခြေရှိကြောင်းဆိုပြီး ကျနော်တို့ဆီကို သတိပေးထားပါတယ်။ အဲဒီစာမှာတော့ သံတွဲလေဆိပ်ရဲ့ ရေမိုင် ၃၄ မိုင်ခန့်၊ မာန်အောင်လေဆိပ်ရဲ့ ရေမိုင် ၃၄ မိုင်ခန့်နဲ့ ပုသိမ်လေဆိပ်ရဲ့ အနာက်ဘက် ရေမိုင် ၆၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ကျရောက်နိုင်တယ်လို့ အဲလို သတိပေးထားပါတယ်ဗျာ။ အဲဒီစာကို ကျနော်တို့ သံတွဲ ကျောက်ဖြူ ခရိုင်ရုံးတွေကနေတဆင့် Email နဲ့ အကြောင်းကြားထားပါတယ်ခင်မျာ။ ဒီနေ့မနက်ကတော့ စစ်တွေကမ်းခြေမှာ လမ်းလျောက်တဲ့လူတွေ မီးခိုးတန်းတခုကျသွားတာကို မြင်လိုက်ရတယ်လို့ ကြားပါတယ်။”

တရုတ်နိုင်ငံက Gaofen 3 လို့နာမည်ပေးထားတဲ့ C-band အမျိုးအစား ဂြိုဟ်တုတခု မွန်ဂိုးလီးယားမှာရှိတဲ့ တရုတ်ရဲ့ Jiuquan ဂြိုဟ်တု လွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့တယ်လို့ NASASpaceflight.com မှာသတင်းထုတ်ပြန်ထားပါတယ်။ တရုတ်အာကာသယာဉ်အပိုင်းအစတွေ ဘယ်နေရာ အတိအကျကို ကျခဲ့သလဲ၊ ကျရောက်တဲ့အနေရာမှာ ငါးဖမ်းလှေတွေ ရှိနေသလား၊ ထိခိုက်ပျက်စီးမှု ရှိခဲ့သလားဆိုတာကိုတော့ အတိအကျ မသိရသေးသလို သက်ဆိုင်ရာအာဏာပိုင်တွေ ဖက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအကုန်ပိုင်းလောက်ကလည်း ရခိုင်တောင်ပိုင်း သံတွဲမြို့အနီး က ပင်လယ်ပြင်ထဲကို တရုတ်နိုင်ငံက အာသယာဉ်အပိုင်းအစတစ်ချို့ ကျရောက်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းတခုအပေါ် အာကာသယာဉ်ကလို့ ယူဆရတဲ့ သတ္တုကိုယ်ထည် အပိုင်းတခု ကျလာခဲ့ဖူးပါတယ်။

#RakhineCoastalRegion #MyanmarSpaceDebris #VOABurmese

#တရုတ်ဂြိုဟ်တု# Gaofen3#သံတွဲ#ကျောက်ဖြူ#ပုသိမ်လေဆိပ်#စစ်တွေကမ်းခြေ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG