သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကျောက်မီးသွေး အလုပ်သမား ၁ သိန်းနီးပါး အလုပ်ပြုတ်


တရုတ် ကျောက်မီးသွေး အလုပ်သမားများ။
တရုတ် ကျောက်မီးသွေး အလုပ်သမားများ။

တရုတ်နိုင်ငံပိုင် ကျောက်မီးသွေး ကုမ္ပဏီက နောက် ၃ လ အပြီးမှာ အလုပ်သမား ၁ သိန်းကို အလုပ်ထုတ်မယ်လို့ မကြာသေးခင်က ကြေညာလိုက်ပါတယ်။ ဒါဟာဆိုရင် နှစ်ပေါင်းများစွာ အတွင်း ကုမ္ပဏီ တခုတည်းကနေ အများဆုံး အလုပ်အကိုင်လျှော့ချ လိုက်တာလည်း ဖြစ်ပါတယ်။

အခု အလုပ်သမား သိန်းဂဏန်း အလုပ်ထုတ်ခံရ တာကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးမှုနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး တရုတ်နိုင်ငံ အတွက် အလုပ်လက်မဲ့ ပြဿနာ ရုတ်တရက် ပေါ်ပေါက် လာတာလည်း ဖြစ်ပါတယ်။

စက်မှုလုပ်ငန်းတွေနဲ့ ဒေသတွင်းက နောက်ထပ် အလုပ်သမား အများအပြား အလုပ်ထုတ် ခံရဦးမယ်လို့ အလုပ်သမားအရေး စောင့်ကြည့် သုတေသန ပြုတဲ့ ဟောင်ကောင် အခြေစိုက် China Labor Bulletin ရဲ့ လူထု ဆက်ဆံရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Geoffrey Crothall က ပြောပါတယ်။ သံမဏိ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ တခြား စက်မှု လုပ်ငန်းကြီးတွေမှာလည်း အလားတူ အလုပ်ထုတ်တဲ့ ကိစ္စတွေ တွေ့ခဲ့ရပါတယ်။

ဒါကြောင့်လည်း တရုတ်ရဲ့ စီးပွားရေး နှေးကွေးလာနေတဲ့ အထဲမှာ အထူးသဖြင့် အစိုးရပိုင် လုပ်ငန်းတွေ အမြတ်ရဖို့ အတော်လေး ရုန်းကန်နေရတယ်လို့ ကျနော်ထင်ပါတယ်။

နောက်ထပ် အလုပ်လျှော့တာတွေလည်း ထပ်တွေ့ရပါဦးမယ်လို့ သူက ဆက်ပြီး ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက Longmay သတ္တုတူးဖော်ရေး လုပ်ငန်းကြီးရဲ့ အလုပ်သမား ၂ သိန်း ၄ သောင်းတို့ထဲက ထက်ဝက်လောက် အလုပ်ထုတ်ခဲ့ရတယ်လို့လည်း ပြီးခဲ့တဲ့ သတင်းပတ်တုန်းကဘဲ တရုတ်နိုင်ငံပိုင် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အကြွေးပိလာတဲ့ ကုမ္ပဏီကို ခုသာခံသာ ဖြစ်စေဖို့ အလုပ်သမားတွေ လျှော့ခဲ့ရတာ ဖြစ်တယ်လို့ Longmay သတ္တုတူးဖော်ရေး လုပ်ငန်းကြီးရဲ့ ဥက္ကဌကလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG