သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်းမုန်တိုင်း Kalmaegi ဟိုင်နန်ကျွန်းကိုရောက်


တရုတ်နိုင်ငံတောင်ပိုင်းမှာ အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့ရာမှာ လေယာဉ်ခရီး စဉ်တွေ နှောင့်နှေးခဲ့ရသလို လူတွေကိုလည်း အရေးပေါ် ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒါ့အပြင် အစောပိုင်းက Kalmaegi မုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာ ဒီကနေ့အစောပိုင်းမှာ မြေပြိုမှုတွေ လည်း ဖြစ်ခဲ့ပါတယ်။ ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ချက်မှာတော့ လေယာဉ် ခရီးစဉ်ပေါင်း ၁၇၀ ကျော် ရပ်ဆိုင်းထားရပြီး Lingao ဒေသမှာတော့ သင်္ဘောအစီးပေါင်း ၄၃၀၀ ကို ကမ်းပြန်ကပ်ခိုင်းခဲ့ရပြီး လူပေါင်း ၉ သောင်းကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ အစောပိုင်းမှာပဲ ဟောင်ကောင်မြို့တောင်ဘက်ပိုင်းကို တနာရီ ၉၉ မိုင်နှုန်းနဲ့ လေပြင်းတိုက်ခတ်သွားခဲ့ပါတယ်။ ဒီမုန်တိုင်းကြောင့် ဟောင်ကောင်လေဆိပ်မှာ ခရီးစဉ်ပေါင်း ၅၀၀ ကျော်ကို ရွှေ့ဆိုင်းလိုက်ရတဲ့အပြင် မနက်ပိုင်းမှာ စတော့ဈေးကွက်ကိုလည်း ရပ်နားထားရပြီး ကျောင်းနဲ့ ရုံးတော်တော်များများကိုလည်း ပိတ်ထားရပါတယ်။

အခုတိုက်ခဲ့တဲ့ Kalmaegi မုန်တိုင်းဟာ တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့ပြီး တချို့ကျေးလက်ဒေသတွေမှာ ရေကြီးပြီး မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့နှောင်းပိုင်းမှာ ဗီယက်နမ်ဘက်ကို ဒီမုန်တိုင်း ဝင်ရောက်လာနိုင်ပြီး မြေပြိုမှုတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG