သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ကမ်းခြေစောင့်အရာရှိ တရုတ်ငါးဖမ်း ကပ္ပတိန်လက်ချက်နဲ့ သေဆုံး

John Warner surveys the damage near a friend's mobile home in the Steelman Estates Mobile Home Park, destroyed in a tornado, near Shawnee, Oklahoma, May 20, 2013.
John Warner surveys the damage near a friend's mobile home in the Steelman Estates Mobile Home Park, destroyed in a tornado, near Shawnee, Oklahoma, May 20, 2013.

တရုတ်ငါးဖမ်းသင်္ဘောရဲ့ မာလိန်မှူးက တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးကို သတ်ပစ်လိုက်သလို တခြားအရာရှိတစ်ဦးကိုလည်း ဒဏ်ရာအနာတရ ဖြစ်သွားအောင် ပြုလုပ်ခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေတဲ့ ငါးဖမ်းသင်္ဘောကို ရပ်တန့်ပေးအောင် ကြိုးပမ်းစဉ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

တောင်ကိုရီးယားရဲ့ အထူးစီးပွားရေးဇုံဖြစ်တဲ့ ပင်လယ်ဝါအတွင်း တရားမဝင် ငါးဖမ်းနေတဲ့ တရုတ်သင်္ဘောကို တနင်္လာနေ့မှာ တားဆီးနိုင်ခဲ့တယ်လို့ အင်ချွန်းမှာရှိတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိချုပ်က ပြောပါတယ်။ အဲဒီဇုံဟာ နိုင်ငံပိုင်ရေပိုင်နက်ရဲ့အပြင်မှာ ရှိတာဖြစ်ပါတယ်။

တရုတ်ငါးဖမ်းသင်္ဘောရဲ့ မာလိန်မှူးက သူ့သင်္ဘောပေါ်တက်လာတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိတွေကို ချွန်ထက်တဲ့အရာနဲ့ ထိုးခဲ့တာဖြစ်တယ်လို့ စစ်ဆေးရေးအရာရှိက ပြောပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိတဲ့ တောင်ကိုရီးယား အရာရှိဟာ အင်ချွန်းဆေးရုံအရောက်မှာ သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုအခါ တရုတ်သင်္ဘောကို သိမ်းပိုက်ထားပြီး သင်္ဘောသား ၉ ဦးကို ထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းကူညီမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

This item is part of
XS
SM
MD
LG