သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နြူကလီးယား စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တရုတ် ကာကွယ်နိုင်မည်မဟုတ်


တကယ်လို့ မြောက်ကိုရီးယားနိုင်ငံကနေ နျူကလီယား စမ်းသပ်မှုတွေ တတိယ အကြိမ်ထပ်ပြီး လုပ်မယ် ဆိုရင်တော့ တရုတ်နိုင်ငံက သံတမန်ရေးရာ အကာအကွယ်တွေ ပေးနိုင်တော့မှာ မဟုတ်ဖူးလို့ တရုတ်အစိုးရထိမ်းချုပ်မှု ရှိတဲ့ သတင်းစာကြီးတစောင်မှာ ဖေါ်ပြလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နဲ့ ဆက်နွယ်မှုရှိတဲ့ Global Times သတင်းစာမှာ ကြာသပတေးနေ့က အခုလိုဖေါ်ပြပြီး ပြင်းထန်စွာ သတိပေးလိုက်တာကြောင့် ၂၀၀၆ ခုနှစ် ကစပြီး မြေအောက် နျူကလီယား စမ်းသပ်မှုတွေလုပ်နေတဲ့ မြောက်ကိုရီးယား အစိုးရက တတိယ အကြိမ်မြောက် စမ်းသပ်မှုတွေ ထပ်ပြီး လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုများလာခဲ့ပါတယ်။

တရုတ်နိုင်ငံက မြောက်ကိုရီးယားရဲ့ ဘယ်စမ်းသပ် လုပ်ဆောင်ချက်ကိုမှ လက်မခံနိုင်ကြောင်း သတင်းမှာ ဖေါ်ပြခဲ့တာဖြစ်ပြီး တကယ်လို့ မြောက်ကိုရီးယား ဘက်ကဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် သံတမန်ရေး လုပ်ဆောင်မှု ပုံစံမျိုးစုံနဲ့ ကူညီပံ့ပိုးမှုတွေ ပေးနိုင်တော့မှာ မဟုတ် ဖူးလို့ ဆိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း မြောက်ကိုရီးယားရဲ့ လာမယ့် ဘယ်ရန်စ လုပ်ဆောင်မှု တိုင်းကိုတုန့်ပြန် သွားမှာ ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ အရင်တုန်းက နျူလီယား စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တဲ့ နေရာ ၂ ခုစလုံးမှာ လှုပ်ရှားမှု အသစ်တွေ လုပ်နေတဲ့ ထောက်လှမ်းရေး ကောင်းကင်ဓါတ်ပုံ တွေကို တောင်ကိုရီးယားက VOA နဲ့ တခြား သတင်းဌာနတွေကို ပြသခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေကို ဧပြီလ ၁၃ ရက် မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မှု မအောင်မမြင် ဖြစ်ခဲ့တဲ့ နောက်ပိုင်းမှာ တွေ့လာရတာမို့လည်း သံသယတွေက ပိုကြီးထွားလာခဲ့ကြတာပါ။ ဒီဒုံးပျံပစ်လွှတ်မှုနဲ့ အတူ အရင် စမ်းသပ်မှုတွေမှာ မအောင်မမြင် ဖြစ်ရမှုတွေအတွက် နောက်ထပ် စမ်းသပ်မှုတွေလုပ်ဖို့ ကျိုးစားလာတဲ့ အနေအထားတွေလည်း မြင်နေရပါတယ်။

XS
SM
MD
LG