သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မြေပြိုမှု ပထမဆုံး အလောင်းတူးဖော်ရ


ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးသမားတွေ မြေပြိုကျမှုဖြစ်ခဲ့တဲ့ အပျက်အစီးအတွင်း ရှာဖွေနေ။
ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးသမားတွေ မြေပြိုကျမှုဖြစ်ခဲ့တဲ့ အပျက်အစီးအတွင်း ရှာဖွေနေ။

တရုတ်နိုင်ငံ တောင်ပိုင်းက စက်မှုဇုံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြေပြိုတာကြောင့် အဆောက်အအုံတွေ ပြိုကျထားတဲ့ အပျက်အစီပုံထဲကနေ ပထမဆုံး သေဆုံးသူ တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ အင်္ဂါနေ့မှာဘဲ ရှာဖွေ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီကနေ့ သေဆုံးသူ ရုပ်အလောင်း တလောင်းကို ရှာဖွေတွေ့ရှိမှုဟာဆိုရင် ဂွမ်ဒေါင်း ပြည်နယ် ရှန်ဂျန်းမြို့ရဲ့ အဓိက စီးပွားရေး ရပ်ကွက် Hengtaiyu Park မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း ပထမဆုံး သေဆုံးသူ အဖြစ် အတည်ပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စတုရန်းမီတာ ၃၈၀,၀၀၀ ပတ်လည် ရှိတဲ့ အပျက်အစီးပုံကြားမှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ ဆက်တိုက် လုပ်ဆောင်နေသလို ၁၀ မီတာလောက် နက်တဲ့ ရွံ့နွံတွေထဲမှာ အသက်ရှင် ကျန်ရစ်သူတွေ တွေ့လိုတွေ့ငြား အဝေးထိန်း ဒုံးယာဉ်တွေ စက်ကိရိယာကြီးတွေ အသုံးပြု ရှာဖွေနေကြပါတယ်။ ပြီးခဲ့တဲ့ တနလာၤနေ့ မနက်ခင်းက လူပေါင်း ၉၁ ယောက် ပျောက်ဆုံးနေတာကနေ ပျောက်ဆုံးသူ အရေအတွက် လျော့သွားပေမယ့် လူပေါင်း ၈၁ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အပျက်အဆီးပုံကြားကနေ တချို့လူတွေကို အသက်ရှင်လျက် ပြန်တွေ့ရတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ လှိုင်းလုံးကြီးတွေလို ရွံ့တွေနဲ့ အပျက်အစီးတွေက စက်မှုဇုံကို ဖုံးလွှမ်းခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောဆိုတဲ့ မြေပြိုမှုကြီးကြောင့် စက်မှုဇုံထဲမှာရှိတဲ့ စက်ရုံ ၁၄ ခု၊ ရုံးအဆောက်အအုံ ၂ ခုနဲ့ အလုပ်သမား တန်းလျား ၃ ခု အပါအဝင် အဆောက်အအုံပေါင်း ၃၃ ခုဖျက်ဆီး ပျက်ဆီးခဲ့ရပါတယ်။

XS
SM
MD
LG