သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ မြေပြိုမှု လူ ၁,၀၀၀ ကျော် ပျောက်ဆုံးဆဲ


တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရေကြီးပြီး မြေပြိုမှုတွေကြောင့် ရွှံ့နုန်းတွေအောက်ကို နစ်မြုပ်နေတဲ့ အလောင်းတွေကို တနင်္လာနေ့မှာ ကယ်ဆယ်ရေး လုပ်သားတွေ တူးထုတ်နေကြပါတယ်။ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို ရခဲ့ပေမဲ့ ပျောက်ဆုံးနေသူတွေက ၁,၀၀၀ ကျော်လောက် ရှိနေပါသေးတယ်။

ဂန်ဆုခရိုင် ဂျိုကုပြည်နယ်ထဲမှာ တချို့ ရွာလုံးကျွတ် မြေပြိုတဲ့အတွက် သေဆုံးခဲ့ရပြီး အခုအချိန်ထိ သေဆုံးသူပေါင်း ၃၃၇ ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ ဒေသ တာဝန်ခံတွေက ပြောပါတယ်။

ဒီဒေသဟာ သစ်ပင်မရှိဘဲ တောင်ကတုံးတွေမှာ သိုး၊ ဆိတ် မွေးမြူသူ၊ တောင်ယာလုပ်ကိုင်သူ ဒေသခံ တိဘက် လူမျိုးစုတွေ အများအပြား နေထိုင်တာပါ။

တနင်္လာနေ့ကတော့ အသက် ၇၄ နှစ်အရွယ် အဖွားအိုတဦးကို လေးထပ်တိုက် အဆောက်အဦးတွေ အောက်က ကယ်ထုတ်နိုင်ခဲ့ပြီး မြေပြိုတာ ၄၈ နာရီရှိပြီ ဖြစ်ခဲ့ပေမယ့် အခုလို အသက်ရှင်လျက် ကျန်သူတွေ ရှိလိုရှိငြား ကယ်ဆယ်ရေး လုပ်သားတွေ ကြိုးစားပြီး ရှာဖွေနေကြပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) ကလည်း မြေပြိုတဲ့ဒေသကို ဒုတိယနေ့အဖြစ် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်သားတွေ လက်မလျှော့ကြဖို့ တိုက်တွန်းနေပါတယ်။

XS
SM
MD
LG