သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး တရုတ် ကွန်မြူနစ် ပါတီဝင်တွေ စတင်ဆွေးနွေး


တရုတ်သမ္မတ Xi Jinping
တရုတ်သမ္မတ Xi Jinping
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အဓိက အာရုံစိုက်ဆွေးနွေးမယ်လို့ မျှော်လင့်ရတဲ့ တရုတ်ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တံခါးပိတ် ဆွေးနွေးပွဲတွေကို ဒီကနေ့ပဲ ဘေဂျင်းမြို့တော်မှာ စတင်ကျင်းပနေပါတယ်။

တရုတ်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးတဲ့ အစည်းအဝေးအဖြစ် အနာဂတ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် လမ်းညွှန်ချက်တွေ ချမှတ်နိုင်လိမ့်မယ် လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei ကပြောခဲ့တာပါ။

အဖွဲ့ဝင် ၃၇၆ ယောက် ပါဝင်တဲ့ ကော်မတီရဲ့ ၄ ရက်ကြာ အစည်းအဝေးပွဲ အတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေကိုတော့ ကွန်မြူနစ်ပါတီက အသေးစိတ် ပြောဆိုတာမျိုး မရှိသေးပါဘူး။ အစိုးရပိုင် Xinhua သတင်းမှာတော့ ပါတီဗဟိုကော်မတီရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် မူကြမ်းအပေါ် အခြေခံ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း ဖော်ပြခဲ့တာပါ။

လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ ဘေဂျင်းမြို့ ညီလာခံကနေ နိုင်ငံရေး၊ စီးပွားရေး ထူးခြားတဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာဖို့လည်း တရုတ်နိုင်ငံသားတွေ မျှော်လင့်နေကြပါတယ်။ ဒီအတောအတွင်း ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ထိပ်တန်း နိုင်ငံရေးသမားတဦးဖြစ်သူ Bo Xilai ကို ထောက်ခံသူတွေက နိုင်ငံရေးပါတီသစ်တခု ဖွဲ့စည်းလိုက်တဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

တရားဝင်သဘော မဟုတ်ပေမဲ့ ပါတီသစ်တွေ တည်ထောင်ခွင့်မရှိတဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ Bo Xilai ကို ရာသက်ပန်ဥက္ကဋ္ဌအဖြစ် တာဝန်ပေး ဖွဲ့စည်းခဲ့တာပါ။ တည်ဆဲ ဥပဒေတွေအရ ပါတီသစ် ထူထောင် တာဟာ ဥပဒေကို ဆန့်ကျင်ရာ မရောက်ဘူးလို့ ပါတီထူထောင်သူ တဦးက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG