သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ နိုဘယ်လ်ဆုနဲ့ မထိုက်ဟု တရုတ်အစိုးရ ယူဆ


တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ နိုဘယ်လ်ဆုနဲ့ မထိုက်ဟု တရုတ်အစိုးရ ယူဆ
တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ နိုဘယ်လ်ဆုနဲ့ မထိုက်ဟု တရုတ်အစိုးရ ယူဆ

တရုတ်အာဏာပိုင်တွေနဲ့ သဘောကွဲလွဲပြီး အကျဉ်းကျနေတဲ့ ခေါင်းဆောင် လျူရှောင်ဘို (Liu Xiaobo) ကို ဒီနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် မစဉ်းစားသင့်ဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။ ဒီ ငြိမ်းချမ်းရေးဆုကို နောက်အပတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။

ဒီနှစ်နွေရာသီက နော်ဝေးနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ တရုတ်သံရုံးမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖူယင်းရဲ့ သတိပေးချက်ကို သူ လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့ အဖွဲ့ ညွှန်ကြားရေးမှူး Geir Lundestad က သတင်းထောက်တွေကို တနင်္လာနေ့က ပြောကြားပါတယ်။

သူ့ကို နိုဘယ်လ်ဆု ကော်မတီ အနေနဲ့ ငြိမ်းချမ်းရေးဆုအတွက် စဉ်းစားထိုက်တဲ့ သူတယောက်လို့ တရုတ်နိုင်ငံက မယူဆဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းယု (Jiang Yu) က ပြောကြားပါတယ်။

တရုတ်ဥပဒေတွေကို ချိုးဖောက်တဲ့အတွက် လျူက ထောင်ကျနေတာ ဖြစ်ပါတယ်လို့ ကျန်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ နိုဘယ်လ်ဆုပေးတဲ့ ရည်ရွယ်ချက်နဲ့ လုံး၀ ကွဲပြားခြားနား နေပါတယ်လို့ သူမက ဆိုပါတယ်။

တရုတ်နိုင်ငံက ထင်ရှားတဲ့ ပညာရှင်တွေ စာရေးဆရာတွေနဲ့ ရှေ့နေတွေက အာဏာပိုင်တွေနဲ့ သဘောကွဲသူ အတိုက်အခံခေါင်းဆောင် Liu Xiabao ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မစ္စတာလျူဟာ တရုတ်နိုင်ငံမှာ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေ ပိုမိုရရှိဖို့ တိုက်ပွဲဝင်နေကြတဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေထဲက တယောက် ဖြစ်ပါတယ်။ သူဟာ ၁၉၈၉ ခုနှစ် တိန်အန်မင်ရင်ပြင် ဆန္ဒပြပွဲက ခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။

နိုင်ငံတော် အာဏာကို ဖီဆန်ဖို့ လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သူ့ကို တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၁ နှစ် အပြစ် ချမှတ်ခဲ့ပါတယ်။

XS
SM
MD
LG