သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အရှည်ဆုံးတံတား တရုတ် ဖွင့်လှစ်


ပင်လယ်ကို ဖြတ်ဆောက်ထားတဲ့ ကမ္ဘာ့အရှည်ဆုံး တံတားကို တရုတ်နိုင်ငံမှာ ကြာသပတေးနေ့က ဖွင့်လှစ်လိုက်ပါတယ်။

၂၂ မိုင်ရှည်တဲ့ အဲဒီတံတားကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ ချင်ဒေါင်း (Qingdao) နဲ့ ဟွမ်ဒေါင်း (Huangdao) ကျွန်း အကြားက ဂျောက်ဇူး (Jiaozhou) ပင်လယ်ဝကို ဖြတ်ဆောက်ထားတာပါ။

ကမ္ဘာ့အရှည်ဆုံး တံတားလို့ တရုတ်မီဒီယာတွေမှာ ဖော်ပြနေကြတဲ့ အဲဒီတံတားကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၃၀၀ လောက် အကုန်အကျခံ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတံတား ဆောက်လိုက်တဲ့အတွက် အရင် ၄၅ မိနစ်သွားရတဲ့ ခရီးဟာ အခု မိနစ် ၂၀ ပဲ ကြာတော့မယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီတံတားကြောင့် ဟွမ်ဒေါင်းမှာရှိတဲ့ စက်မှုဇုန်ကို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပြီး ဆိပ်ကမ်းရဲ့ လုပ်ငန်းတွေလည်း တိုးချဲ့လာနိုင်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG