သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လက်နက်ကိုင်အရေး တရုတ် ပြန်အားစိုက်လာမှု လေ့လာသူတွေ သုံးသပ်


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံ (မတ်လ ၆၊ ၂၀၂၃)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွေ့ဆုံ (မတ်လ ၆၊ ၂၀၂၃)

တရုတ်အစိုးရဟာ သူ့အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စီပွားရေးနဲ့ နယ်စပ်အရေးကိစ္စတွေမှာ ဆက်ဆံရေးပြန်ဆောက်ဖို့ တွန်းတွန်းတိုက်တိုက် ပြန် လုပ်လာနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

မြန်မာဆိုင်ရာ တရုတ်အထူး သံတမန် Deng Xijun မြန်မာနိုင်ငံကို ၄ လအတွင်း ၃ ကြိမ် လာရောက်ခဲ့ပြီး 'ဝ' အပါအဝင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံတာကို ထောက်ပြပြီး စင်္ကာပူ အမျိုးသားတက္ကသိုလ် NUS က တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Ja Lan Chong က သုံးသပ်ပြောဆိုတာပါ။

ကိုဗစ်ကပ်ဘေး အခြေအနေတွေကြောင့် ၃ နှစ်လောက် တခြားနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ သိပ်မလုပ်ခဲ့ရာကနေ တရုတ်အစိုးရဟာ အခုချိန်မှာ သူ့အကျိုးစီးပွားအတွက် အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေ တည်ငြိမ်ရေးနဲ့ စီးပွားရေး ပြန်လည် တည်ဆောက်နိုင်ဖို့အပြင် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေနဲ့ အမေရိကန်ကြား ပိုပြီးထိတွေ့ဆက်ဆံမှုတွေ လုပ်လာမှာကို စိုးရိမ်ပုံရတယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် တရုတ်ရဲ့ ကြီးမားတဲ့ စီးပွားရေးစီမံကိန်းတွေ မြန်မာနိုင်ငံတဝန်း ရှိနေချိန်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကလည်း တရုတ်ရဲ့ ယူနန်ပြည်နယ်နဲ့ နယ်စပ်ချင်း မိုင် ၁၂၀၀ ကျော်ထိနေတဲ့ ဒေသတွေကို ထိန်းချုပ်ထားပြီး စီးပွားရေး လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြတာကိုလည်း သူတို့က ထောက်ပြပါတယ်။

ဒီ ၄ လအတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့လည်း Deng Zijun ၂ ကြိမ် တွေ့ခဲ့ပြီး အဲ့ဒီနောက် မြန်မာစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးကိစ္စ တရုတ်နဲ့ ပြန်ဆွေးနွေးနေပြီလို့ VOA ကို ပြောခဲ့ပါတယ်။

တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် အရေးကြီးတဲ့ နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို မြန်မာစစ်တပ်နဲ့ အပစ်ရပ် စာချုပ်ထပ်ချုပ်ဖို့ တိုက်တွန်းတာအပြင်၊ ဒီအဖွဲ့တွေအနေနဲ့ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေရဲ့ လက်နက်ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဟန့်တားဖို့ တရုတ်အထူး သံက တိုက်တွန်းခဲ့ပုံ ရတယ်လို့ တရုတ်မြန်မာအရေး ကျွမ်းကျင်သူ USIP အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုအဖွဲ့က မြန်မာအစီအစဉ် ညွန်ကြားရေးမှူး Jason Tower က ထောက်ပြခဲ့ပါတယ်။

=== Unicode ====







XS
SM
MD
LG