သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ကလေးမွေးဖွားနှုန်း ကျဆင်း


တအိမ်ထောင် ကလေး ၂ ဦးယူခွင့်ပြုပေမယ့် မွေးဖွားနှုန်းကျဆင်းနေလို့ လုပ်အားစွမ်းအင်လျော့နည်းနေတဲ့ တရုတ်နိုင်ငံမှာ မွေးကင်းစကလေးတွေကို နေ့စဉ် ကျန်းမာရေး စစ်ဆေးပေးနေပုံ (၁၂-၀၃-၂၀၁၂)
တအိမ်ထောင် ကလေး ၂ ဦးယူခွင့်ပြုပေမယ့် မွေးဖွားနှုန်းကျဆင်းနေလို့ လုပ်အားစွမ်းအင်လျော့နည်းနေတဲ့ တရုတ်နိုင်ငံမှာ မွေးကင်းစကလေးတွေကို နေ့စဉ် ကျန်းမာရေး စစ်ဆေးပေးနေပုံ (၁၂-၀၃-၂၀၁၂)

တရုတ်ပြည်မှာ ကလေး ၂ ယောက်ယူဖို့ မူဝါဒက မအောင်မြင်တဲ့အပြင် ၂၀၁၈ ခုနှစ်အတွက် ကလေးမွေးဖွား နှုန်းက ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မွေးဖွားခဲ့တဲ့ကလေးဦးရေက ၁၅ သန်း ထက် နည်းတဲ့အကြောင်း China Global Television Network CGTN က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

လူငယ်ဦးရေ လျော့နည်းလာမှုကြောင့် အလုပ်လုပ်တဲ့အရွယ် လူငယ်လူ့စွမ်းအားရင်းမြစ် နည်းလာတာကြောင့် တရုတ်ပြည်မှာ ကလေး ၂ ယောက်ထိ တိုးပြီးယူဖို့ တိုက်တွန်းတဲ့ မူဝါဒကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ကလေး ၂ ယောက်ယူဖို့ တိုက်တွန်းတဲ့ မူဝါဒ စကျင့်သုံးတဲ့ ပထမနှစ်မှာ ကလေးပေါင်း ၁၇.၈၆ သန်း မွေးဖွားခဲ့ပေမယ့် နောက် ၂ နှစ်တွင်းမှာတော့ ကျဆင်းခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ဈေးကြီးမှု၊ နေထိုင်စရိတ်ကြီးမှု၊ အိမ်ထောင်ပြုတဲ့အချိန်နောက်ကျမှုနဲ့ ကလေးမလိုချင်တာတွေကြောင့် ကလေးမွေးဖွားမှုနှုန်းကျရတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG