သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မလေးရှား၊ ထိုင်း သုံးနိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မည်


တရုတ် စစ်တပ် စစ်ရေးလေ့ကျင့်စဉ်
တရုတ် စစ်တပ် စစ်ရေးလေ့ကျင့်စဉ်

တရုတ်၊ မလေးရှားနဲ့ ထိုင်း သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတခုကို ဒီလနှောင်းပိုင်းကျရင် မလေးရှားနိုင်ငံမှာ လုပ်မယ့်အကြောင်း တရုတ်ကာကွယ်ရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

မလေးရှားနိုင်ငံ ပြည်နယ်နှစ်ခုနဲ့ ကမ်းလွန်ဒေသတွေမှာ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၁၀ ရက်ကြာ လုပ်မယ့် စစ်ရေးလေ့ကျင့်မှုကို “ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု ၂၀၁၈” စစ်ရေးလေ့ကျင့်မှုလို့ အမည်ပေးထားပါတယ်။ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တပ်ဖွဲ့ဝင်စုစုပေါင်း ၆၉၂ ဦး ဒီစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်မယ်လို့ တရုတ်ကာကွယ်ရေး ဌာနရဲ့ တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံက ရေတပ်သင်္ဘောသုံးစင်း၊ သင်္ဘောပေါ်ကနေ အတက်အဆင်းလုပ်နိုင်တဲ့ ရဟတ်ယာဉ် နှစ်စင်း၊ II-76 ထောက်ပို့ လေယာဉ် သုံးစင်းနဲ့ မော်တော်ယာဉ်လေးစင်း လွှတ်မှာလည်းဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ “တောင်တရုတ်ပင်လယ် ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတို့ကို ထိန်းသိမ်းရေး သုံးနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တူညီတဲ့ဆန္ဒကို ထပ်မံသက်သေပြဖို့၊ လက်တွေ့ အပြန်အလှန်ဖလှယ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေဖို့နဲ့ လုံခြုံရေးပိုင်း ခြိမ်းခြောက်မှုအမျိုးမျိုးကို ပူးတွဲ တုန့်ပြန်နိုင်စွမ်း ပိုကောင်းစေဖို့ ဒီ စစ်ရေး လေ့ကျင့်မှုကို ရည်ရွယ်ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီစစ်ရေးလေ့ကျင့်မှုဟာ “နိုင်ငံတခုခုကို ဦးတည်ချက်ထားတာ မဟုတ်ဘူး” လို့လည်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG