သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကာလ တ႐ုတ္ႏိုင္ငံက ေမေဒးေန႔


ေဘဂ်င္းၿမိဳ႕မွာ ကုိဗစ္စစ္ေဆးဖုိ႔ ေစာင့္ဆုိင္းေနတဲ့ ကေလးငယ္တဦး။ (ေမ ၁၊ ၂၀၂၂)

(Zawgyi / Unicode)

တ႐ုတ္အစိုးရရဲ႕ ကိုဗစ္ကူးစက္သူ လုံးဝကင္းစင္ေရး ေပၚလစီေၾကာင့္ ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ Lockdown ေတြ ခ်မွတ္ထားတဲ့အတြက္ တ႐ုတ္ႏိုင္ငံသားေတြဟာ ေမေဒး အလုပ္သမားေန႔ကို တိတ္ဆိတ္စြာ ဆင္ႏႊဲေနၾကရပါတယ္။

ေမေဒး အားလပ္ရပ္ကာလျဖစ္တဲ့ ဒီကေန႔ တနဂၤေႏြေန႔ကေန ဗုဒၶဟူးေန႔အထိ ၿမိဳ႕ေတာ္ ေဘဂ်င္းက စားေသာက္ဆိုင္ေတြမွာ ဆိုင္ထိုင္စားတာကို ပိတ္ပင္ ကန္႔သတ္ထားၿပီး အိမ္မွာစားဖို႔ပဲ ဝယ္ယူလို႔ ရႏိုင္ပါတယ္။

ေဘဂ်င္းၿမိဳ႕တဝန္းက ပန္းၿခံေတြနဲ႔ ကမၻာလွည့္ခရီးသည္ေတြ အလာမ်ားတဲ့ ေနရာေတြ အားလုံးဟာလည္း ကန္႔သတ္လူဦးေရထက္ ၅၀ ရာခုိင္ႏႈန္းသာ လက္ခံပါတယ္။ မႏွစ္ကမွ ဖြင့္လိုက္တဲ့ Universal အပန္းေျဖဥယ်ာဥ္ ကစားကြင္းကလည္း ယာယီပိတ္ထားမယ့္အေၾကာင္း ေၾကညာပါတယ္။

ပုံမွန္အားျဖင့္ အားလပ္ရက္ျဖစ္တဲ့ စေနေန႔ကေန ဗုဒၶဟူးေန႔အၾကား လူဦးေရ ၁ ဒသမ ၄ ဘီလီယံရွိတဲ့ တ႐ုတ္ႏိုင္ငံအတြင္း ခရီးစဥ္ေပါင္း သန္း ၁၀၀ ရွိရာက အခုႏွစ္မွာ ၆၀ ရာခုိင္ႏႈန္းအထိ ေလ်ာ့က်လိမ့္မယ္လို႔ ပို႔ေဆာင္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ေရာဂါပိုးကူးစက္မွာကို ထိန္းခ်ဳပ္ ဟန္႔တားတဲ့အေနနဲ႔ အခါတိုင္းႏွစ္ေတြလို ျပည္နယ္ကူးၿပီး ခရီးထြက္တာေတြ မလုပ္ၾကဖို႔ အစိုးရက တိုက္တြန္းထားပါတယ္။

တျခားႏိုင္ငံအေတာ္မ်ားမ်ားက ကိုဗစ္နဲ႔ဆိုင္တဲ့ ကန္႔သတ္ခ်က္ေတြကို ေျဖေလ်ာ့ၿပီး ကိုဗစ္နဲ႔အတူ ယွဥ္တြဲေနထိုင္လို႔ ရႏိုင္မလား ဆိုတာကို စမ္းသပ္ လုပ္ေဆာင္ေနၾကေပမဲ့လည္း တ႐ုတ္အစိုးရကေတာ့ ေရာဂါပိုးကူးစက္သူ လုံးဝမရွိေရးဆိုတဲ့ မူဝါဒကို ဆုပ္ကိုင္ထားဆဲ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ လူဦးေရ အထူထပ္ဆုံး စီးပြားေရးနဲ႔ ကုန္ထုတ္လုပ္မႈ အဓိက ၿမိဳ႕ေတာ္ျဖစ္တဲ့ ရွန္ဟိုင္းဟာလည္း အခုခ်ိန္ထိ အျပင္မထြက္ရအမိန္႔ အသက္ဝင္ေနဆဲ ျဖစ္တာေၾကာင့္ ေဒသခံေတြရဲ႕ ေနထိုင္မႈဘဝတင္မကဘဲ စီးပြားေရးအရပါ ႀကီးမားတဲ့ ဆုံး႐ႈံးမႈေတြ ျဖစ္ေပၚေနပါတယ္။

ေရာဂါပိုးကူးစက္မႈေတြ အမ်ားဆုံးျဖစ္ခဲ့တဲ့ ရွန္ဟိုင္းၿမိဳ႕မွာ ေသဆုံးသူ ၄၀၀ ရွိခဲ့ရာက အခုေတာ့ တျဖည္းျဖည္း ေလ်ာ့က်လာေနပါၿပီ။

စေနေန႔က ၇,၈၇၂ ဦး ရွိခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္အတြင္းက ၂၀,၀၀၀ ေက်ာ္ ရွိခဲ့တာထက္စာရင္ သိသိသာသာ က်ဆင္းခဲ့ပါတယ္။ ရွန္ဟိုင္းၿမိဳ႕အျပင္က တႏိုင္ငံလုံးမွာ ေရာဂါပိုးကူးစက္သူ ၃၈၄ ဦးသာ ရွိခဲ့ပါတယ္။

ကပ္ေရာဂါကာလ တ႐ုတ္ႏိုင္ငံက ေမေဒးေန႔
please wait

No media source currently available

0:00 0:01:54 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကပ်ရောဂါကာလ တရုတ်နိုင်ငံက မေဒေးနေ့

တရုတ်အစိုးရရဲ့ ကိုဗစ်ကူးစက်သူ လုံးဝကင်းစင်ရေး ပေါ်လစီကြောင့် မြို့ကြီးအတော်များများမှာ Lockdown တွေ ချမှတ်ထားတဲ့အတွက် တရုတ်နိုင်ငံသားတွေဟာ မေဒေး အလုပ်သမားနေ့ကို တိတ်ဆိတ်စွာ ဆင်နွှဲနေကြရပါတယ်။

မေဒေး အားလပ်ရပ်ကာလဖြစ်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြို့တော် ဘေဂျင်းက စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားတာကို ပိတ်ပင် ကန့်သတ်ထားပြီး အိမ်မှာစားဖို့ပဲ ဝယ်ယူလို့ ရနိုင်ပါတယ်။

ဘေဂျင်းမြို့တဝန်းက ပန်းခြံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ နေရာတွေ အားလုံးဟာလည်း ကန့်သတ်လူဦးရေထက် ၅၀ ရာခိုင်နှုန်းသာ လက်ခံပါတယ်။ မနှစ်ကမှ ဖွင့်လိုက်တဲ့ Universal အပန်းဖြေဥယျာဉ် ကစားကွင်းကလည်း ယာယီပိတ်ထားမယ့်အကြောင်း ကြေညာပါတယ်။

ပုံမှန်အားဖြင့် အားလပ်ရက်ဖြစ်တဲ့ စနေနေ့ကနေ ဗုဒ္ဓဟူးနေ့အကြား လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံအတွင်း ခရီးစဉ်ပေါင်း သန်း ၁၀၀ ရှိရာက အခုနှစ်မှာ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျလိမ့်မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရောဂါပိုးကူးစက်မှာကို ထိန်းချုပ် ဟန့်တားတဲ့အနေနဲ့ အခါတိုင်းနှစ်တွေလို ပြည်နယ်ကူးပြီး ခရီးထွက်တာတွေ မလုပ်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

တခြားနိုင်ငံအတော်များများက ကိုဗစ်နဲ့ဆိုင်တဲ့ ကန့်သတ်ချက်တွေကို ဖြေလျော့ပြီး ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်လို့ ရနိုင်မလား ဆိုတာကို စမ်းသပ် လုပ်ဆောင်နေကြပေမဲ့လည်း တရုတ်အစိုးရကတော့ ရောဂါပိုးကူးစက်သူ လုံးဝမရှိရေးဆိုတဲ့ မူဝါဒကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံး စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှု အဓိက မြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းဟာလည်း အခုချိန်ထိ အပြင်မထွက်ရအမိန့် အသက်ဝင်နေဆဲ ဖြစ်တာကြောင့် ဒေသခံတွေရဲ့ နေထိုင်မှုဘဝတင်မကဘဲ စီးပွားရေးအရပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ရောဂါပိုးကူးစက်မှုတွေ အများဆုံးဖြစ်ခဲ့တဲ့ ရှန်ဟိုင်းမြို့မှာ သေဆုံးသူ ၄၀၀ ရှိခဲ့ရာက အခုတော့ တဖြည်းဖြည်း လျော့ကျလာနေပါပြီ။

စနေနေ့က ၇,၈၇၂ ဦး ရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်းက ၂၀,၀၀၀ ကျော် ရှိခဲ့တာထက်စာရင် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ရှန်ဟိုင်းမြို့အပြင်က တနိုင်ငံလုံးမှာ ရောဂါပိုးကူးစက်သူ ၃၈၄ ဦးသာ ရှိခဲ့ပါတယ်။

XS
SM
MD
LG