သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မီဒီယာ လွတ်လပ်ခွင့် အလှမ်းဝေး


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် သတင်းစာအရောင်းဆိုင်မြင်ကွင်း။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် သတင်းစာအရောင်းဆိုင်မြင်ကွင်း။
တရုတ်ကွန်မြူနစ်ပါတီက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ စီးပွားရေးကို အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုလုပ်မယ့် အစီအစဉ်တချို့နဲ့ ကာလရှည်ကြာ ဝေဖန်ခံနေရတဲ့ လူမှုရေးဆိုင်ရာ မူဝါဒတွေကို တဖြည်းဖြည်းချင်း လျှော့ပေးသွားမှာတွေပါဝင်ပါတယ်။

ဒါပေမဲ့လည်း သတင်းမီဒီယာနဲ့ပတ်သက်လို့တော့ သတင်းသမားတွေ အပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတာ၊ သတင်း အချက်အလက်တွေအပေါ် ချုပ်ကိုင်ထားတာတွေကို သိပ်မကြာခင် အချိန်အတွင်း လျှော့ပေါ့ပေးမယ့်အစီအစဉ် ရှိပုံမရပါဘူး။

တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာအသစ်ထဲမှာ အဓိကအားဖြင့် ဆက်ပြီး ထိန်းချုပ်ဖို့ကိုပဲ ဦးတည်ထားပါ တယ်။ လူထုအမြင်သဘောထားကို လမ်းညွှန်ဖို့နဲ့ ဖြစ်ရပ်တွေကို အွန်လိုင်းကနေ ရုတ်ခြည်းဖွင့်ချတာမျိုးကို ကိုင်တွယ်ဖို့ စနစ်တွေ ပြည့်စုံကောင်းမွန်ဖို့ လိုအပ်တယ်ဆိုတာကို အစီရင်ခံစာမှာ ပြောထားပါတယ်။

မျက်ခြေမပြတ် စောင့်ကြည့်တဲ့ သတင်းစာပညာရဲ့ အရေးကြီးပုံနဲ့ အကျင့်ပျက်ခြစားတဲ့ အစိုးရတာဝန်ရှိသူတွေကို ဖယ်ရှားတဲ့ နေရာမှာ အဲဒီသတင်းစာပညာရဲ့ အခန်းကဏ္ဍကိုလည်း အစီရင်ခံစာက ပြောထားပါတယ်။

တရုတ်တာဝန်ရှိသူတွေဟာ လူမှုကွန်ယက်စာမျက်နှာတွေကို ထိန်းချုပ်ချင်တဲ့ တစ်ချိန်ထဲမှာပဲ အကျင့်ပျက်ခြစားမှုတွေနဲ့ အုပ်ချုပ် ရေးပိုင်းက တလွဲတချော် လုပ်တာတွေကို ဖွင့်ချဖို့ ထိရောက်တဲ့ ကိရိယာတစ်ခု လည်း ဖြစ်စေချင်ပြန်တယ်လို့ ရှန်ဟဲ ဖူဒန်း တက္ကသိုလ်က ပါမောက္ခ Doug Young က သုံးသပ်ပါတယ်။
XS
SM
MD
LG