သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကွန်မြူနစ်ပါတီ ထိပ်သီး အစည်းအဝေးကျင်းပ


စည်းဝေးဆွေးနွေးနေတဲ့ နေရာတဝိုက်ကို လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားပါတယ်။
စည်းဝေးဆွေးနွေးနေတဲ့ နေရာတဝိုက်ကို လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားပါတယ်။
တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ ဘေဂျင်းမြို့တော်မှာ တံခါးပိတ်အစည်းအဝေး ကျင်းပနေပါတယ်။ အဲဒီလို စည်းဝေးဆွေးနွေးနေတဲ့ နေရာတဝိုက်ကို လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားပါတယ်။ ဆယ်စုနှစ်တစုတာ ကာလအတွင်း တကြိမ်ပြုလုပ်လေ့ရှိတဲ့ နိုင်ငံခေါင်းဆောင်သစ်တင်မြှောက်ရေး ကိစ္စကို ဆွေးနွေးနေကြတာလည်းဖြစ်ပါတယ်။ အဲဒီလို တရားဝင် ခေါင်းဆောင်လွှဲပြောင်းမှုကို ရှေ့လာမယ့် သတင်းပတ်မှာ ပြုလုပ်မှာပါ။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ၁၇ ကြိမ်မြောက် ညီလာခံကြီးရဲ့ အပြီးသပ်ဆွေးနွေးမှုကို ကြာသာပတေး နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။ ပါတီရဲ့ အခြေခံဥပဒေ ကို အပြောင်းလဲ ပြုလုပ်ဖို့အရေးနဲ့ အဆိုတင်သွင်းထားတဲ့ ကိစ္စရပ်တွေအပေါ် ခေါင်းဆောင်တွေ ဆွေးနွေးနေကြတာဖြစ်ကြောင်း အကျဉ်းရုံးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ညီလာခံကြီး ဟာ သတင်းပါတ် တပါတ်လောက် အချိန်ယူကျင်းပလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG