တရုတ်နိုင်ငံက ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ် လေ့ကျင့်မယ့် ပင်လယ်ဝါတွင်းက ၄ ရက်ကြာ ရေတပ်စစ်ရေး လေ့ကျင့်မှုတွေ စတင်လိုက်ပါပြီ။
ဒီရေနယ်နိမိတ်မှာပဲ အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ မလုပ်မီ ၁ ရက်အလို စနေနေ့မှာ တရုတ်ရေတပ်ရဲ့ လေ့ကျင့်မှု အစီအစဉ်တွေ အဆုံးသတ်မှာ ဖြစ်ပါတယ်။
လေ့ကျင့်မှုတွေဟာ ကျင်ဒေါင်မြို့အနီးမှာ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း တရုတ် ကာကွယ်ရေး ၀န်ကြီးကို ကိုးကားပြီး အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
ရေတပ်သင်္ဘောပေါ်က အမြောက်ပစ်ခတ်မှုတွေ အဓိကထား လေ့ကျင့်သွားဖို့တွေ ပါဝင်မယ့် ဒီအစီအစဉ်ဟာ ပုံမှန် လေ့ကျင့်မှုတခု အဖြစ်နဲ့ ဖော်ပြခဲ့တာပါ။
ဒေသတွင်းမှာ တင်းမာမှုတွေ ကြုံခဲ့ရတဲ့အထိ အမေရိကန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ ရေတပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေထဲက နောက်ဆုံးတွေ့ရတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ တရုတ်စစ်တပ် အဆင့်မြင့် အရာရှိတွေ မြောက်ကိုရီးယားကို ရောက်နေချိန်မှာ အခု အစီအစဉ်ကို တွေ့မြင်ကြရတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ကိုရီးယားကျွန်းဆွယ် ကြားမှာရှိတဲ့ ပင်လယ်ဝါမှာ အမေရိကန်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာကိုတော့ တရုတ်နိုင်ငံက ဆန့်ကျင်ပါတယ်။