သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်စရိတ် ဒေသတွင်း စိုးရိမ်


တရုတ်စစ်စရိတ် ဒေသတွင်း စိုးရိမ်
တရုတ်စစ်စရိတ် ဒေသတွင်း စိုးရိမ်

တရုတ်နိုင်ငံက စစ်ရေးအသုံးစရိတ်ကို ဒီနှစ်မှာ ၁၂.၇ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမယ်လို့ ပြောကြားလိုက်တာမို့ အိမ်နီးချင်း ဂျပန်နိုင်ငံကို စိုးရမ်မှုတွေ တိုးလာစေပါတယ်။

တရုတ်အစိုးရပြောခွင့်ရ Li Zhaixing လီရှောင်ကျင်းက အသုံးစရိတ်တိုးမြှင့်လိုက်တာဟာ ဒေါ်လာသန်းပေါင်း ၉၁ ဘီလျံခွဲလောက် သုံးစွဲမှာဖြစ်ပြီး ဒါဟာ ဝန်ထမ်းလစာ တိုးမြှင့်ဖို့နဲ့ ပစ္စည်းတွေ ဝယ်ယူဖို့အတွက် သင့်လျေယတဲ့ အသုံးစရိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရက ၂၀၁၀ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို ၇.၅ ရာခိုင်နှုန်းပဲ တိုးမြှင့်သုံးစွဲခဲ့တယ်လို့ လူထုကိုကြေညာခဲ့ပေမဲ့ ၁၉၈၉ ခုနှစ်ကစပြီး နှစ်စဉ် စစ်ရေးအသုံးစရိတ်ဟာ ၁၂.၉ ရာခိုင်နှုန်း ပျမ်းမျှရှိခဲ့တာပါ။

ဒီအသုံးစရိတ်ဟာ တရုတ်နိုင်ငံရဲ့ ခေတ်မမှီတော့တဲ့စစ်တပ်ကို အဆင့်မြှင့်ဖို့အတွက် သုံးစွဲမှာသာဖြစ်ပြီး တခြားဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်ဖို့မဟုတ်တဲ့အပြင် တရုတ်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ဒေါ်လာဘီလျံ ၈၅၀ သုံးစွဲနေတဲ့ အမေရိကန်နဲ့ယှဉ်ရင် သိသိသာသာ နည်းပါးနေတယ်လို့လည်း တရုတ်အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရဟာ တကယ်သုံးစွဲတဲ့ ကာကွယ်ရေးအသုံးစရိတ် ပမာဏထက် အမြဲတမ်းလျှော့ပြီး ပြလေ့ရှိတယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။

မစ္စတာလီကတော့ ကာကွယ်ရေးအသုံးစရိတ်ဟာ နိုင်ငံတော်ဘတ်ဂျက်မှာ ၆ ရာခိုင်နှုန်းသာ သုံးစွဲထားတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Seiji Maehara က ဒါဟာ သိပ်ကိုမြင့်မားတဲ့ အချိုးအဆတခုဖြစ်တာမ့ို တရုတ်ရဲ့စစ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး ဘယ်နေရာမျိုးမှာသုံးဖို့အတွက် ဒီလောက် ငွေကြေးပမာဏ လိုအပ်တယ်ဆိုတာ ဂျပန်နိုင်ငံက အထူးစိတ်ပူကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG