သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကာကွယ်ရေးအသုံးစရိတ် ၁၀% ကျော်တိုး


တရုတ်စစ်သင်္ဘောများ
တရုတ်စစ်သင်္ဘောများ
တရုတ်ရဲ့ စစ်အင်အားတိုးလာတာကို ဒေသတွင်းမှာ စိုးရိမ်မကင်းဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံက ကာကွယ်ရေးအသုံးစားရိတ် နောက်ထပ် ဂဏန်း ၂ လုံး ထပ်တိုးလိုက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

တရုတ်စစ်တပ်ကို အဆင့်မြင့်နည်းပညာ လက်နက်တွေတပ်ဆင်ဖို့နဲ့ တပ်ဖွဲ့တွေ ခေတ်မှီရေးအတွက် ကာကွယ်ရေး အသုံးစားရိတ်ကို ၁၂ ဒဿမ ၂ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Li Keqiang က ပြောဆိုလိုက်တာပါ။

၂၀၁၄ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစားရိတ်ကို ဒေါ်လာသန်းပေါင်း သိန်း၁၃၀ သုံးစွဲမှာဖြစ်ကြောင်း၊ င်္ဒပမာဏဟာ အမေရိကန်ကာကွယ်ရေးအသုံးစားရိတ်ရဲ့ ၆ ပုံ ၁ ပုံပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ တရုတ်ရဲ့ စစ်အင်အား အရှိန်အဟုန်မြှင့် တိုးတက်လာတဲ့အတွက် အာရှနိုင်ငံအတော်များများက စိတ်ပူနေကြပါတယ်။ အဲဒီထဲမှာ ဂျပန်နိုင်ငံလည်းပါဝင်ပြီး တရုတ်က ဒီလိုကြေညာချက် ထုတ်ပြန်ပြီး ချက်ချင်းဆိုသလိုပဲ စိုးရိမ်မကင်းဖြစ်ရကြောင်း ဂျပန်နိုင်ငံက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဒီနေ့ ဗုဒ္ဒဟူးနေ့မှာ ကျင်းပခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ် အပါအဝင် ကျယ်ပြောလှတဲ့ တခြားမူဝါဒရေးရာ အစီအစဉ်တွေကိုလည်း ကြေညာခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ် Li Keqiang က ၂၀၁၄ ခုနှစ်အတွက် တရုတ်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို မနှစ်က ရည်မှန်းချက်အတိုင်း မပြောင်းလဲဘဲ ၇ ဒဿမ ၅ ရာခိုင်နှုန်းဝန်းကျင် တိုးတက်ဖို့ ပစ်မှတ်ထားတယ်လို့ ပြောပါတယ်။

တရုတ်စီးပွားရေးဟာ အနှစ် ၃၀ အရှိန်အဟုန်မြှင့်တိုးတက်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တုန့်နှေးလာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုပြီးရင် တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး ဖြစ်ပါတယ်။

တရုတ်အစိုးရအတွင်း အကျင့်ပျက် အဂတိလိုက်စားမှုတွေ၊ လေထုညစ်ညမ်းမှုတွေနဲ့ တိုင်းရင်းလူနည်းစုတွေအပေါ် တရားမျှတမှု မရှိတဲ့ မူဝါတွေ ကျင့်သုံးနေတာတွေကြောင့် ပြည်သူလူထုအကြား မကျေနပ်မှုတွေ တိုးလာတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
XS
SM
MD
LG