သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ရုရှား တောင်တရုတ်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်


တရုတ်နဲ့ ရုရှား တောင်တရုတ်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်
တရုတ်နဲ့ ရုရှား တောင်တရုတ်ပင်လယ် ပူးတွဲစစ်ရေးလေ့ကျင့်

တရုတ်နဲ့ ရုရှားရေတပ်တွေဟာ ရှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ် ကမ်းလွန် တောင်တရုတ်ပင်လယ်ထဲမှာ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ပြောပါတယ်။

နှစ်နိုင်ငံရေတပ်တွေဟာ လေကြောင်းရန် ပူးတွဲကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘောအန္တရာယ် ကာကွယ်ရေး လေ့ကျင့်မှုတွေကိုလည်း စနေနေ့က လုပ်ကြတယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ထုတ်လွှင့်ပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တင်းမာမှုတွေ တိုးနေချိန်မှာပဲ ဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ၁၂ ရက် တနင်္လာနေ့က စလုပ်တာပါ။ တောင်တရုတ်ပင်လယ်တွင်း နယ်မြေအများစုကို ပိုင်တယ်လို့ တရုတ်ကပြောထားတဲ့အပေါ် The Hague မြို့အခြေစိုက် နိုင်ငံတကာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ တရားရုံးက မခိုင်မာတဲ့အကြောင်း ဆုံးဖြတ်ထားပါတယ်။

ဒီအမှုကိစ္စမှာ ရုရှားက တရုတ်ဘက်ကနေ အခိုင်အမာ ရပ်တည်ထားတာပါ။ တရားစစ်ဆေးမှုမှာပါဝင်ဖို့ တရုတ်က ငြင်းခဲ့သလို ဆုံးဖြတ်ချက်ကိုလည်း ပယ်ချထားပါတယ်။

ပုံမှန် လုပ်နေကျ ရေတပ်စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ဇူလိုင်လက ပြောထားတာဖြစ်ပြီး ဒါဟာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေ ဖို့ ရည်ရွယ်တာပဲဖြစ်ပြီးတော့ တခြား ဘယ်နိုင်ငံကိုမှ ရည်ရွယ်တာမဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ နိုင်ငံငါးနိုင်ငံထဲပါပြီး ဆီးရီးယားအကျပ်အတည်းလိုမျိုးအပါအဝင် အရေးကြီးတဲ့ ကမ္ဘာ့ ရေးရာကိစ္စရပ်အများအပြားမှာ တဘက်ထဲရပ်တည်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ဒီနှစ်နို်င်ငံနဲ့ အမေရိကန်အပါအဝင် အနောက်အင်အားကြီးနိုင်ငံတွေကြား မကြာခန အဆင်မပြေဖြစ်လေ့ရှိတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG