သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကာကွယ်ရေး အသုံးစရိတ် ၁၀% တိုးမြှင့်


တရုတ်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ကို ဒီနှစ်မှာ ၁၀% တိုးမြှင့်မှာဖြစ်တဲ့အတွက် ဒါဟာ ကမ္ဘာ့အကြီးဆုံး အမြဲတမ်းစစ်တပ်ရဲ့ အသုံးစရိတ်ကို ဆယ်ဂဏန်းအထိ တိုးမြှင့်သုံးစွဲဖို့ လျာထားလိုက်တာပဲဖြစ်ပါတယ်။

အမျိုးသားပြည်သူ့ကွန်ဂရက် ပြောခွင့်ရ Fu Ying ရဲ့ ဒီကနေ့ အဲဒီကြေညာချက်အရ တရုတ်နိုင်ငံရဲ့ တရားဝင်ကြေညာတဲ့ စစ်ရေး အသုံးစရိတ်ဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံအထိ ရှိလာမယ့်သဘောပါ။ တရားဝင် ကိန်းဂဏန်းကို ကြာသပတေးနေ့ကျရင် လွှတ်တော်ကထုတ်ပြန်မယ့် အစီရင်ခံစာထဲမှာ ဖော်ပြမယ်လို့ ပြောခွင့်ရက ပြောပါတယ်။

အခုတိုးမြှင့်တဲ့ စစ်ရေးအသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်က ၁၂.၂% အထိ တိုးမြှင့်ခဲ့တာနဲ့ နှိုင်းယှဉ်ရင်တော့ လျော့သွားပါတယ်။ ဒါပေမဲ့ လည်း ဆယ်ဂဏန်းအထိ တိုးမြှင့်သုံးစွဲတာကတော့ ငါးနှစ်မြောက်ဆက်တိုက်ပါ။ တရုတ်နိုင်ငံဟာ တရားဝင်ကြေညာတဲ့ စစ်ရေးအသုံးစရိတ်ထက် အများကြီးပိုပြီးသုံးတယ်လို့ လေ့လာသူတွေက ယူဆထားကြပြီး၊ အများအားဖြင့်ကတော့ ပွင့်လင်းမြင်သာမှု မရှိတာနဲ့ အကျင့်ပျက် ခြစားတာလို အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

တိုးလာတဲ့စစ်အင်အားကို အသုံးချပြီး နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ အရှေ့နဲ့ တောင်တရုတ်ပင်လယ်က အိမ်နီးချင်း တွေကို တရုတ်က အနိုင်ကျင့်နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက စွပ်စွဲထားပါတယ်။
တရုတ်ကတော့ အဲဒီစွပ်စွဲချက်ကိုငြင်းပြီး တပ်ဖွဲ့ဝင်အင်အား ၂.၃ သန်းရှိတဲ့ စစ်တပ်အတွက် လက်နက်ကိရိယာတွေ အဆင့်မြှင့်ဖို့ နဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ဖို့အတွက် ကြိုးစားတာသာဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG