သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နို့မှုန့်ကြောင့် ကလေးတချို့ သေဆုံး


တရုတ်နို့မှုန့်ကြောင့် ကလေးတချို့ သေဆုံး

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဂမ်ဆူးပြည်နယ်၊ ပိုင်လျှမ်း Pingliang မြို့မှာ နို့ချက်စက်ရုံနှစ်ရုံကထုတ်တဲ့ ဓာတုဗေဒအဆိပ်သင့် နို့မှုန့်တွေကို စားသုံးမိလို့ ကလေးသုံးဦး သေဆုံးသွားခဲ့ရပြီးတော့ နောက်ထပ်လည်း အသက် ၁၄ နှစ်အောက် အများစုဖြစ်တဲ့ ကလေး ၃၅ ဦးဟာ ဆေးရုံနှစ်ရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒီကနေ့ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ နို့မှုန့်တွေမှာ နိုက်ထရိုက်အဆိပ်တွေ ပါဝင်နေတာကို ကလေးလူနာတွေမှာ တွေ့ရှိရတယ်လို့လည်း ဆင်ဟွာသတင်းက ဆိုပါတယ်။ နိုက်ထရိုက်ကို သားစိမ်း၊ ငါးစိမ်းတွေ ကြာရှည်ခံအောင် ဆားနဲ့နယ်သလိုနယ်ပြီး အခြောက်ခံတာတို့၊ ကျပ်တိုက်တာတို့မှာ အသုံးပြုလေ့ ရှိပါတယ်။

အခုအခါ အဲဒီ နို့ချက်စက်ရုံနှစ်ရုံကို အာဏာပိုင်တွေက ချိတ်ပိတ်ထားလိုက်ပြီးတော့ စက်ရုံမန်နေဂျာတွေကို လည်း သက်ဆိုင်ရာက စုံစမ်း စစ်ဆေးနေပါတယ်။

တရုတ်နိုင်ငံ နောက်ထပ်သတင်းတပုဒ်မှာတော့ ၁၀ နှစ်ကြာ မျှော်လင့်စောင့်စားခဲ့ရတဲ့ တရုတ်ပြည်မကြီး ပေါ်မှာ ဒစ္စနေလဲန်း ဥယာဉ်ကြီးတခု ဆောက်လုပ်ရေးကို ဒီကနေ့မှာတော့ အကောင်အထည် ဖော်လိုက်ကြပါပြီ။ အမေရိကန်ပြည်ထောင်စုက World Disney ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Bob Iger နဲ့ ရှန်ဟိုင်းမြို့က မြို့မိ၊ မြို့ဖ ဂုဏ်သရေရှိလူကြီးတွေဟာ ရှန်ဟိုင်းမြို့ ပူဒေါင်း Pudong ဒေသမှာ ဒေါ်လာသန်းပေါင်း ၃ ၆၀၀ အကုန်ခံတည်ဆောက်မယ့် Disney Land ဥယာဉ်ကြီးရဲ့ အုတ်မြစ်ချပွဲကို ကျင်းပခဲ့ပြီးတော့ ဒီစီမံကိန်းဟာ ငါးနှစ်ကြာမှာဖြစ်ပါတယ်။

XS
SM
MD
LG