သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ အာရှစစ်အင်အား တရုတ် စိန်ခေါ်


တရုတ်စစ်တပ်။
တရုတ်စစ်တပ်။
တရုတ်နိုင်ငံက စစ်ရေးခေတ်မှီအောင် တဟုန်ထိုး လုပ်ဆောင်နေတာဟာ အာရှပစိဖိတ်ဒေသတွင်း ဆယ်စုနှစ်နဲ့ချီပြီး အမေရိကန်စစ်တပ်ရဲ့ အရေးပါမှုကို စိန်ခေါ်နေသလို ဒေသတွင်း လုံခြုံရေးဆိုင်ရာ ချိန်ခွင်လျှာ ညှိပြီး ပြောင်းလဲဖို့ ကျိုးစားနေတယ်လို့ အမေရိကန်လွှတ်တော် အမတ်တွေရဲ့ တရုတ်ဆိုင်ရာ မူဝါဒရေးရာ အကြံပေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်-တရုတ် စီးပွါးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လှန်သုံးသပ်ရေးကော်မရှင် က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ နှစ်ပါတ်လည် အစီရင်ခံစာမှာ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ကွန်ပြူတာဆိုင်ဘာ တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ ညွှန်ကြားနေသလို ကိုယ်တိုင်လည်း လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာမှာ စွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် ဒီလို ထောက်လှန်းလုပ်ဆောင်မှုတွေ ရပ်ဆိုင်းသွားအောင် ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်တယ်လို့လည်း အကြံပေးထားပါတယ်။

အမေရိကန်ဘက်က ဒီစွပ်စွဲမှုတွေအတွက် တရုတ်အစိုးရက တစုံတရာ တုန်ပြန်တာမျိုး မလုပ်သေးပါဘူး။ ဒါပေမယ့် မနှစ်တုန်းကတော့ ဒီအဖွဲ့ရဲ့ စွပ်စွဲမှုတွေဟာ စစ်အေးခေတ်တုန်းက ပုံစံအတိုင်း လုပ်နေတာလို့ တဂုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုံ့ချပြစ်တင်ခဲ့ပါတယ်။
XS
SM
MD
LG