သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင်


တရုတ်နိုင်ငံက "ကျောက်စိမ်းယုန်ကလေး"လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ငယ်ကို ဆီချွမ်ပြည်နယ်၊ အာကာသစခန်းကနေ လကမ္ဘာဆီ လွှတ်တင်နေစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
တရုတ်နိုင်ငံက "ကျောက်စိမ်းယုန်ကလေး"လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ငယ်ကို ဆီချွမ်ပြည်နယ်၊ အာကာသစခန်းကနေ လကမ္ဘာဆီ လွှတ်တင်နေစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
တရုတ်နိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ် လပေါ်ကို လွှတ်တင်လိုက်ပါပြီ။ ရည်မှန်းချက်ကြီးစွာနဲ့ အခု နောက်ဆုံး စမ်းသပ်လိုက်တဲ့ အာကာသအစီအစဉ်ဟာ ကမ္ဘာမှာ တရုတ်ရဲ့ ကျော်ကြားမှုအရှိန်အဟုန်ကို ထင်ဟပ်စေပါတယ်။

Jade Rabbit ကျောက်စိမ်းယုန်ကလေးလို့ နာမည်ပေးထားတဲ့ ဘီးတပ်ယာဉ်ငယ် တင်ဆောင်ထားတဲ့ Chang’e-3 Lunar စူးစမ်းရေးယာဉ်ကို စွမ်းအားမြှင့် ရော့ကက်ပေါ်တင်ပြီး တရုတ်နိုင်ငံအနောက် တောင်ပိုင်း Sichuan ပြည်နယ်၊ Xichang ဂြိုဟ်တုလွှတ်တင်စခန်းကနေ Greenwich စံတော်ချိန် 1730 - တရုတ်ဒေသစံတော်ချိန် တနင်္လာနေ့ မနက်စောစောမှာ လွှတ်တင်ခဲ့တာပါ။

အဲဒီရော့ကက်လွှတ်တင်တာကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီ Chang’e-3 Lunar ယာဉ်ဟာ လမျက်နှာပြင်ပေါ်ကို ဒီဇင်ဘာလလယ်ပိုင်းမှာ ရောက်ရှိမှာဖြစ်ပြီး သဘာဝအရင်းအမြစ်တွေကို စူးစမ်းလေ့လာ မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားက လပေါ်ကို အလားတူ စူးစမ်းရေးယာဉ်တွေလွှတ်တင်ခဲ့ပြီးဖြစ်လို့ ဒီတရုတ်ရဲ့ လ စူးစမ်းရေးယာဉ်ဟာ တတိယ မြောက်ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကတကြိမ် တရုတ်ရဲ့” လ” စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်ခဲ့ဖူးပေမဲ့ မာကြောတဲ့ လမျက်နှာပြင် ပေါ်ဆင်းသက်ခဲ့တဲ့အတွက် ပျက်ကျခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်က ရုရှားကလွှတ်တင်ခဲ့တဲ့ “လ” စူးစမ်းရေးယာဉ်ကတော့ ပျော့ပြောင်းတဲ့မျက်နှာပြင်ပေါ်အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။
XS
SM
MD
LG