{{Zawgyi/Unicode}}
တရုတ္ႏုိင္ငံဥပေဒသစ္အရ ေတာင္တရုတ္ပင္လယ္ထဲက ႏိုင္ငံျခားသေဘၤာေတြကို ပစ္ခတ္ခြင့္ျပဳလိုက္တာေၾကာင့္ အာရွေဒသတြင္းမွာ စိုးရိမ္တင္းမာမူေတြ တိုးလာေနပါတယ္။
ဒီဥပေဒသစ္ေၾကာင့္ တရုတ္နဲ႔ ေတာင္တရုတ္ပင္လယ္ေရပိုင္နက္အျငင္းပြားမူရွိေနတဲ့ ဖီလစ္ပိုင္၊ ဗီယက္နမ္နဲ႔ ဂ်ပန္ႏိုင္ငံေတြဖက္မွာ၊ ႀကီးမားတဲ့စိုးရိမ္မူေတြ ျဖစ္လာေနပါတယ္။
အခုလိုဥပေဒသစ္ထုတ္လိုက္တာေၾကာင့္ တရုတ္အတြက္ေတာ့ တရားဝင္ေရတပ္မရွိထားတဲ့ ဒီပင္လယ္ေဒသထဲမွာ၊ တစံုတရာ စစ္ေရးအသာစီးခ်ထားလိုက္သလိုေတာ့ အျမတ္ထြက္သြားပံုရတယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။
တရုတ္နဲ႔ ေရပိုင္နက္အျငင္းပြား အေရွ.ေတာင္အာရွႏိုင္ငံတစ္ခုျဖစ္တဲ့ ဖိလစ္ပိုင္ဖက္ကေတာ့ ဒီဥပေဒသစ္ဟာ စစ္ျဖစ္ဖို႔ စကားလံုးနဲ႔ၿခိမ္းေျခာက္မူေျမာက္တယ္ဆိုၿပီး တရားဝင္ တရားစြဲစာ ေလွ်ာက္လွဲထားပါတယ္။
ေနာက္အျငင္းပြားေနတဲ့ ဂ်ပန္ႏုိင္ငံက ကာကြယ္ေရးဝန္ႀကီး Nabu o Kishi ကလည္း ဒီဥပေဒအေပၚ အႀကီးအက်ယ္သံသယရွိထားၿပီး၊ ဒါက လံုးဝ လက္မခံႏိုင္စရာျဖစ္တယ္လို႔ ေျပာထားပါတယ္။
ဒီဥေပေဒသစ္ေၾကာင့္ တရုတ္ကမ္းေျခေစာင့္တပ္ေတြအေနနဲ႔ ဒီပင္လယ္တြင္း ႏုိင္ငံျခားသေဘၤာေတြကို ကင္းလွဲ႔ေစာင့္ၾကပ္စစ္ေဆးတာနဲ႔၊ တရုတ္ဖက္ကပိုင္တယ္လို႔ေျပာထားတဲ့ သႏၶာေက်ာက္တန္းေတြမွာလည္း အေဆာက္အဦးေဆာက္တာေတြကို ဖ်က္ဆီးႏိုင္ခြင့္ရမွာျဖစ္ပါတယ္ ခင္ဗ်ာ။
........................................
{{Unicode}}
တရုတ်နိုင်ငံဥပဒေသစ်အရ တောင်တရုတ်ပင်လယ်ထဲက နိုင်ငံခြားသင်္ဘောတွေကို ပစ်ခတ်ခွင့်ပြုလိုက်တာကြောင့် အာရှဒေသတွင်းမှာ စိုးရိမ်တင်းမာမူတွေ တိုးလာနေပါတယ်။
ဒီဥပဒေသစ်ကြောင့် တရုတ်နဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမူရှိနေတဲ့ ဖီလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတွေဖက်မှာ၊ ကြီးမားတဲ့စိုးရိမ်မူတွေ ဖြစ်လာနေပါတယ်။
အခုလိုဥပဒေသစ်ထုတ်လိုက်တာကြောင့် တရုတ်အတွက်တော့ တရားဝင်ရေတပ်မရှိထားတဲ့ ဒီပင်လယ်ဒေသထဲမှာ၊ တစုံတရာ စစ်ရေးအသာစီးချထားလိုက်သလိုတော့ အမြတ်ထွက်သွားပုံရတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
တရုတ်နဲ့ ရေပိုင်နက်အငြင်းပွား အရှေ.တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ဖက်ကတော့ ဒီဥပဒေသစ်ဟာ စစ်ဖြစ်ဖို့ စကားလုံးနဲ့ခြိမ်းခြောက်မူမြောက်တယ်ဆိုပြီး တရားဝင် တရားစွဲစာ လျှောက်လှဲထားပါတယ်။
နောက်အငြင်းပွားနေတဲ့ ဂျပန်နိုင်ငံက ကာကွယ်ရေးဝန်ကြီး Nabu o Kishi ကလည်း ဒီဥပဒေအပေါ် အကြီးအကျယ်သံသယရှိထားပြီး၊ ဒါက လုံးဝ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီဥပေဒေသစ်ကြောင့် တရုတ်ကမ်းခြေစောင့်တပ်တွေအနေနဲ့ ဒီပင်လယ်တွင်း နိုင်ငံခြားသင်္ဘောတွေကို ကင်းလှဲ့စောင့်ကြပ်စစ်ဆေးတာနဲ့၊ တရုတ်ဖက်ကပိုင်တယ်လို့ပြောထားတဲ့ သန္ဓာကျောက်တန်းတွေမှာလည်း အဆောက်အဦးဆောက်တာတွေကို ဖျက်ဆီးနိုင်ခွင့်ရမှာဖြစ်ပါတယ် ခင်ဗျာ။