သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ကုန်သွယ်စီးပွားနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန် လက်မှတ်ရေးထိုး


တရုတ်သမ္မတ ရှီကျင့်ပင် (ယာ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (ဝဲ) ဧပြီလ ၂၄ ရက်၊ ၂၀၁၉။
တရုတ်သမ္မတ ရှီကျင့်ပင် (ယာ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (ဝဲ) ဧပြီလ ၂၄ ရက်၊ ၂၀၁၉။

တရုတ်အစိုးရရဲ့ BRI ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွေက တရုတ်နိုင်ငံတိုးတက်ရေး အတွက် အခွင့်အလမ်း တွေ ဖန်တီးပေးတဲ့တချိန်တည်းမှာ နိုင်ငံတွေကြား ပူးပေါင်း ဆောင်ရွက်မှု တိုးတက်စေရေးနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးအတွက် အခင်းအကျင်းသစ် ကို ဖန်တီးနိုင်ဖို့ ရည်ရွယ်လုပ်နေတာဖြစ်တယ်လို့ တရုတ်သမ္မတ Xi Jinping က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကနေ အာရှ၊ ဥရောပ၊ အာဖရိကတိုက်နိုင်ငံတွေကို ဆက်သွယ်ပေးတဲ့ ခေတ်သစ် ပိုးလမ်းကြီး ဖောက်လုပ်နေတာနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ် BRI အပြည်အပြည်ဆိုင်ရာညီလာခံ ဖွင့်ပွဲမိန့်ခွန်းမှာ တရုတ် သမ္မတက ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းထဲ ပူးပေါင်းပါဝင်တဲ့နိုင်ငံတွေမှာ အခြေခံ အဆောက်အအုံ တွေ တိုးတက်အောင် တရုတ်က ကူညီပေးနေတယ်ဆိုပေမဲ့ အဲဒီနိုင်ငံတွေအနေနဲ့ မြောက် များတဲ့ အကြွေး ပိကုန်တာကြောင့် ခေတ်သစ်ပိုးလမ်မကြီးစီမံကိန်းအပေါ် ဝေဖန်စရာ အငြင်းပွားစရာလည်း ဖြစ်နေတာပါ။ ဒါပေမဲ့ တရုတ်ကတော့ ကောင်းမွန်တဲ့ရည်ရွယ် ချက်နဲ့ဆောင်ရွက်နေတာဖြစ်ပြီး ဘယ်သူ့ကိုမှ အကြွေးပိအောင် လုပ်နေတာ မဟုတ်ဘူးလို့ အကြိမ်ကြိမ်ငြင်းဆန်နေပါတယ်။

ဘုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးအတွက် ကမ္ဘာ့နိုင်ငံတွေကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့လိုအပ်တယ်လို့ သမ္မတ Xi Jinping ကဒီကနေ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ စီးပွားရေးဖွံဖြိုးတိုးတက်စေအောင် စီးပွားရေး အခွင့်အလမ်းတွေ ပိုပြီးဖွင့်ပေးမယ်လို့လည်း ကတိပြုသွားပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်နေကြတာမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်လည်းပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ Xi Jinping၊ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့နဲ့ သီးခြားစီတေ့ွဆုံပြီး ၂ နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံကြား ဖွံဖြိုးရေးဆိုင်ရာ သဘောတူစာချုပ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကြားလည်းလက်မှတ်ထိုးခဲ့ကြပါတယ်။ ၂၀၁၉ ကနေ ၂၀၃၀ ခုနှစ်အထိ တရုတ် မြန်မာစီးပွားရေးစင်္ကြန် ပူးပေါင်း ဆောင် ရွက်မှု အစီအစဉ် ဆိုင်ရာနားလည်မှု စာချွန်လွှာ၊ ၂ နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် (၅)နှစ် ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာသဘောတူစာချုပ်တွေကို လက်မှတ်ထိုးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG