သုံးရလွယ်ကူစေသည့် Link များ

တရုတ်နဲ့ မြန်မာနိုင်ငံအကြားက ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရှိခဲ့တယ်လို့ မြန်မာအစိုးရက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးက အဓိကဖြစ်တဲ့ နှစ်နိုင်ငံအကြားက ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံက စီးပွားရေးအရ အသာစီးရနေတာဟာ တရုတ်နိုင်ထွက် ကုန်ပစ္စည်းတွေအပေါ် မြန်မာနိုင်ငံသားတွေ မှီခို အားထားလွန်းနေတဲ့အတွက် ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေ ဦးလှမောင်က သုံးသပ်ပါတယ်။ တရုတ် - မြန်မာ ကုန်သွယ်ရေးအကြောင်း အပိုင်း (၁) အဖြစ်နဲ့ အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG