သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ ေ႐ႊလီၿမိဳ႕ ျမန္မာဆိုင္ေတြ တရားဝင္ လိုင္စင္တင္ဖို႔ ညြန္ၾကား


{Zawgyi/Unicode}

တ႐ုတ္ယူနန္ျပည္နယ္၊ ျမန္မာနဲ႔နယ္စပ္ ေ႐ႊလီၿမိဳ႕မွာ ျမန္မာနာမည္နဲ႔ဖြင့္ထားတဲ့ ဆိုင္ေတြအားလုံး ဆိုင္းဘုတ္ေတြျဖဳတ္သိမ္းေပးဖို႔ တ႐ုတ္တာဝန္ရွိသူေတြက ၫႊန္ၾကားထားၿပီး တရားဝင္လုပ္ငန္းလိုင္စင္ ေလွ်ာက္ခိုင္းေနပါတယ္။ ဆိုင္ဖြင့္ခြင့္လိုင္စင္ရရင္ေတာင္ျမန္မာႏိုင္ငံထြက္ ကုန္ပစၥည္းေတြကို ေရာင္းခ်ခြင့္မျပဳဘဲ သူတို႔သတ္မွတ္ထားတဲ့ ကုန္ပစၥည္းကိုပဲ ေရာင္းရမယ္လို႔ ၫႊန္ၾကားထားေၾကာင္း ေ႐ႊလီၿမိဳ႕က ျမန္မာဆိုင္ရွင္ေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

တ႐ုတ္ႏိုင္ငံက ျမန္မာနဲ႔နယ္စပ္ျဖစ္တဲ့ ေ႐ႊလီၿမိဳ႕မွာ ျမန္မာႏိုင္ငံသားေတြဖြင့္ထားတဲ့ ဆိုင္ေတြၿမိဳ႕အႏွံ႔မွာ ႐ွိပါတယ္။ အဲဒီဆိုင္ေတြက ယာယီေနထိုင္ခြင့္၊ အလုပ္လုပ္လုပ္ကိုင္ခြင့္ အေထာက္အထား႐ွိသူေတြ ဖြင့္ထားၾကတဲ့ဆိုင္ေတြျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက အစားအေသာက္ဆုိင္ကစလို႔ တြင္းထြက္ေက်ာက္မ်က္ လက္ဝတ္ရတနာေရာင္းတဲ့ဆုိင္ေတြ႐ွိပါတယ္။ အခုေတာ့ အဲဒီဆိုင္ေတြအားလံုးက ျမန္မာနာမည္နဲ႔ဆိုင္းဘုတ္ေတြကို ဆိုင္းဘုတ္ျဖဳတ္ေပးဖို႔နဲ႔ တရားဝင္လုပ္ငန္းလိုင္စင္လုပ္ဖို႔ တ႐ုတ္အာဏာပိုင္ေတြက ညႊန္ၾကားထားတယ္လို႔ ေ႐ႊလီၿမိဳ႕က ျမန္မာလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ဒါေတြအားလုံးကို ရက္ပိုင္းအတြင္းအၿပီး လုပ္ရမယ္လို႔ ေျပာထားေၾကာင့္ေ႐ႊလီၿမိဳ႕က ကိႏၵရာ ကုန္ေျခာက္ဆိုင္ပိုင္ရွင္ ကိုျမႀကီးက ေျပာပါတယ္။

“သူတို႔ကေတာ့ သုံးရက္အတြင္းကို ဆိုင္းဘုတ္ေတြ ဖ်က္သိမ္းေပးရမယ္လို႔ ေျပာတယ္ဗ်၊ က်ေနာ္တို႔ကေတာ့ မေန႔က လူေခၚၿပီးမွ အားလုံးဆိုင္ဘုတ္ေတြ ခြာလိုက္ၿပီ။ မ်ားေသာအားျဖင့္ အဓိကပစ္မွတ္ေတြက က်ေနာ္တို႔ ျမန္မာဆိုင္ေတြေပါ့၊ ေ႐ႊလီနယ္စပ္မွာ ျမန္မာလူမ်ိဳးေတြ ဖြင့္ထားတဲ့ဆိုင္ေတြ ရွိတယ္ေလ၊ အဲဒီဆိုင္ေတြအားပဲ။ ျမန္မာပစၥည္းေတြ အဓိက ေရာင္းတာေပါ့။”

ျမန္မာဆိုင္းဘုတ္ေတြအားလံုး ျဖဳတ္ခ်ခိုင္းထားေပမဲ့ ေလာေလာဆယ္ ဆုိင္ေတြကိုေတာ့ မပိတ္ခိုင္းေသးပါဘူး။ ဒါေပမဲ့ တ႐ုတ္စာမပါတဲ့ ျမန္မာထုတ္ကုန္ေတြကိုလည္း ျမန္မာဆိုင္ေတြမွာ ေရာင္းခ်ဖို႔ ပိတ္ပင္လိုက္ပါတယ္။ အေၾကာင္းကေတာ့ ပါဝင္တဲ့ပစၥည္းအမ်ိဳးအစားနဲ႔ စားသုံးဖို႔သင့္မသင့္ဆိုတဲ့ အခ်က္ေတြကို မသိရတဲ့အတြက္ အခုလိုပိတ္တာလည္း ျဖစ္ႏိုင္ေၾကာင္း ေ႐ႊလီၿမိဳ႕က ျမန္မာဆိုင္ရွင္တဦးက ေျပာပါတယ္။

“ျမန္မာ ကုန္ပစၥည္းက သူတို႔က ေပးမေရာင္းတာေတာ့ အမွန္ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီျမန္မာပစၥည္းက ဥပမာ ကြၽဲ႐ိုင္းပဲျဖစ္ျဖစ္၊ ဘီယာပဲျဖစ္ျဖစ္ သူတို႔ရဲ႕ အမ်ိဳးအစား ဘာေတြထည့္ထားလဲ ဒီတ႐ုတ္စာတန္း မပါတဲ့အတြက္ မျပထားတဲ့အတြက္ သူတို႔က ပိတ္ပင္ထားတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ေရာဂါျဖစ္မွာလည္း သူတို႔စိုးရိမ္လို႔ အဲလိုမ်ိဳး သေဘာပဲ။”

ျမန္မာဆိုင္ေတြမွာ ျမန္မာႏိုင္ငံထုတ္ ပစၥည္းေတြကို ဆက္ၿပီး ေရာင္းခ်ေနမယ္ဆိုရင္ေတာ့ ဒဏ္ေငြ ယြမ္ ၅,၀၀၀၊ ျမန္မာက်ပ္ေငြနဲ႔ဆို ၁၅ သိန္းေက်ာ္ ေပးရမယ္လို႔လည္း အသိေပးထားေၾကာင္း ေ႐ႊလီၿမိဳ႕က ျမန္မာလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ေစ်းဆိုင္အတြက္ လိုင္စင္ေလွ်ာက္မယ္ဆုိရင္ လိုင္စင္ေၾကးက လုပ္ငန္းအေပၚမူတည္ၿပီး တႏွစ္ကို တ႐ုတ္ယြမ္ေငြ ၃၀,၀၀၀ ကေန ၄၀,၀၀၀ ဝန္းက်င္အထိ ေပးေဆာင္ရမွာျဖစ္ပါတယ္။ ျမန္မာေငြနဲ႔ဆိုရင္ သိန္း ၁၀၀ ေလာက္က်တဲ့အတြက္ အေတာ္ေလး ေစ်းႀကီးတာမို႔ ဆိုင္႐ွင္ ေတာ္ေတာ္မ်ားမ်ား လုပ္ငန္းလိုင္စင္ မေလွ်ာက္ဘဲ ဆိုင္ဖြင့္ထားတာ ႏွစ္အေတာ္ၾကာပါၿပီ။

ကိုဗစ္ကပ္ေရာဂါ ကာလမွာ ျမန္မာႏိုင္ငံသားေတြရဲ႕ ေနထိုင္ခြင့္ကို တ႐ုတ္အစိုးရက တျဖည္းျဖည္း တင္းၾကပ္လာေနတဲ့အတြက္ ျမန္မာနိုင္ငံသား ေတာ္ေတာ္မ်ားမ်ား ေနရပ္ျပန္ကုန္ၾကပါတယ္။ ေရႊလီၿမိဳ႕မွာ ဆိုင္ဖြင့္ထားတဲ့ ျမန္မာေတြကေတာ့ လုပ္ငန္းေတြ ႐ွိေနေသးတာေၾကာင့္ ဆက္ၿပီး ေနေနၾကျဖစ္ပါတယ္။ အခုလို ဆိုင္လိုင္စင္ေလွ်ာက္ၿပီး ျမန္မာဘက္က ကုန္ပစၥည္းေတြ မေရာင္းရေတာ့ဘူးဆိုရင္ သူတို႔အတြက္ အေတာ္ထိခိုက္မယ္လို႔ ဆိုင္႐ွင္ေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{Unicode}

တရုတ် ရွှေလီမြို့ မြန်မာဆိုင်တွေ တရားဝင်လိုင်စင်တင်ဖို့ ညွန်ကြား

တရုတ်ယူနန်ပြည်နယ်၊ မြန်မာနဲ့နယ်စပ် ရွှေလီမြို့မှာ မြန်မာနာမည်နဲ့ဖွင့်ထားတဲ့ ဆိုင်တွေအားလုံး ဆိုင်းဘုတ်တွေဖြုတ်သိမ်းပေးဖို့ တရုတ်တာဝန်ရှိသူတွေက ညွှန်ကြားထားပြီး တရားဝင်လုပ်ငန်းလိုင်စင် လျှောက်ခိုင်းနေပါတယ်။ ဆိုင်ဖွင့်ခွင့်လိုင်စင်ရရင်တောင်မြန်မာနိုင်ငံထွက် ကုန်ပစ္စည်းတွေကို ရောင်းချခွင့်မပြုဘဲ သူတို့သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းကိုပဲ ရောင်းရမယ်လို့ ညွှန်ကြားထားကြောင်း ရွှေလီမြို့က မြန်မာဆိုင်ရှင်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံက မြန်မာနဲ့နယ်စပ်ဖြစ်တဲ့ ရွှေလီမြို့မှာ မြန်မာနိုင်ငံသားတွေဖွင့်ထားတဲ့ ဆိုင်တွေမြို့အနှံ့မှာ ရှိပါတယ်။ အဲဒီဆိုင်တွေက ယာယီနေထိုင်ခွင့်၊ အလုပ်လုပ်လုပ်ကိုင်ခွင့် အထောက်အထားရှိသူတွေ ဖွင့်ထားကြတဲ့ဆိုင်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံက အစားအသောက်ဆိုင်ကစလို့ တွင်းထွက်ကျောက်မျက် လက်ဝတ်ရတနာရောင်းတဲ့ဆိုင်တွေရှိပါတယ်။ အခုတော့ အဲဒီဆိုင်တွေအားလုံးက မြန်မာနာမည်နဲ့ဆိုင်းဘုတ်တွေကို ဆိုင်းဘုတ်ဖြုတ်ပေးဖို့နဲ့ တရားဝင်လုပ်ငန်းလိုင်စင်လုပ်ဖို့ တရုတ်အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ရွှေလီမြို့က မြန်မာလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါတွေအားလုံးကို ရက်ပိုင်းအတွင်းအပြီး လုပ်ရမယ်လို့ ပြောထားကြောင့်ရွှေလီမြို့က ကိန္ဒရာ ကုန်ခြောက်ဆိုင်ပိုင်ရှင် ကိုမြကြီးက ပြောပါတယ်။

“သူတို့ကတော့ သုံးရက်အတွင်းကို ဆိုင်းဘုတ်တွေ ဖျက်သိမ်းပေးရမယ်လို့ ပြောတယ်ဗျ၊ ကျနော်တို့ကတော့ မနေ့က လူခေါ်ပြီးမှ အားလုံးဆိုင်ဘုတ်တွေ ခွာလိုက်ပြီ။ များသောအားဖြင့် အဓိကပစ်မှတ်တွေက ကျနော်တို့ မြန်မာဆိုင်တွေပေါ့၊ ရွှေလီနယ်စပ်မှာ မြန်မာလူမျိုးတွေ ဖွင့်ထားတဲ့ဆိုင်တွေ ရှိတယ်လေ၊ အဲဒီဆိုင်တွေအားပဲ။ မြန်မာပစ္စည်းတွေ အဓိက ရောင်းတာပေါ့။”

မြန်မာဆိုင်းဘုတ်တွေအားလုံး ဖြုတ်ချခိုင်းထားပေမဲ့ လောလောဆယ် ဆိုင်တွေကိုတော့ မပိတ်ခိုင်းသေးပါဘူး။ ဒါပေမဲ့ တရုတ်စာမပါတဲ့ မြန်မာထုတ်ကုန်တွေကိုလည်း မြန်မာဆိုင်တွေမှာ ရောင်းချဖို့ ပိတ်ပင်လိုက်ပါတယ်။ အကြောင်းကတော့ ပါဝင်တဲ့ပစ္စည်းအမျိုးအစားနဲ့ စားသုံးဖို့သင့်မသင့်ဆိုတဲ့ အချက်တွေကို မသိရတဲ့အတွက် အခုလိုပိတ်တာလည်း ဖြစ်နိုင်ကြောင်း ရွှေလီမြို့က မြန်မာဆိုင်ရှင်တဦးက ပြောပါတယ်။

“မြန်မာ ကုန်ပစ္စည်းက သူတို့က ပေးမရောင်းတာတော့ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြန်မာပစ္စည်းက ဥပမာ ကျွဲရိုင်းပဲဖြစ်ဖြစ်၊ ဘီယာပဲဖြစ်ဖြစ် သူတို့ရဲ့ အမျိုးအစား ဘာတွေထည့်ထားလဲ ဒီတရုတ်စာတန်း မပါတဲ့အတွက် မပြထားတဲ့အတွက် သူတို့က ပိတ်ပင်ထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ်မှာလည်း သူတို့စိုးရိမ်လို့ အဲလိုမျိုး သဘောပဲ။”

မြန်မာဆိုင်တွေမှာ မြန်မာနိုင်ငံထုတ် ပစ္စည်းတွေကို ဆက်ပြီး ရောင်းချနေမယ်ဆိုရင်တော့ ဒဏ်ငွေ ယွမ် ၅,၀၀၀၊ မြန်မာကျပ်ငွေနဲ့ဆို ၁၅ သိန်းကျော် ပေးရမယ်လို့လည်း အသိပေးထားကြောင်း ရွှေလီမြို့က မြန်မာလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဈေးဆိုင်အတွက် လိုင်စင်လျှောက်မယ်ဆိုရင် လိုင်စင်ကြေးက လုပ်ငန်းအပေါ်မူတည်ပြီး တနှစ်ကို တရုတ်ယွမ်ငွေ ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ဝန်းကျင်အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း ၁၀၀ လောက်ကျတဲ့အတွက် အတော်လေး ဈေးကြီးတာမို့ ဆိုင်ရှင် တော်တော်များများ လုပ်ငန်းလိုင်စင် မလျှောက်ဘဲ ဆိုင်ဖွင့်ထားတာ နှစ်အတော်ကြာပါပြီ။

ကိုဗစ်ကပ်ရောဂါ ကာလမှာ မြန်မာနိုင်ငံသားတွေရဲ့ နေထိုင်ခွင့်ကို တရုတ်အစိုးရက တဖြည်းဖြည်း တင်းကြပ်လာနေတဲ့အတွက် မြန်မာနိုင်ငံသား တော်တော်များများ နေရပ်ပြန်ကုန်ကြပါတယ်။ ရွှေလီမြို့မှာ ဆိုင်ဖွင့်ထားတဲ့ မြန်မာတွေကတော့ လုပ်ငန်းတွေ ရှိနေသေးတာကြောင့် ဆက်ပြီး နေနေကြဖြစ်ပါတယ်။ အခုလို ဆိုင်လိုင်စင်လျှောက်ပြီး မြန်မာဘက်က ကုန်ပစ္စည်းတွေ မရောင်းရတော့ဘူးဆိုရင် သူတို့အတွက် အတော်ထိခိုက်မယ်လို့ ဆိုင်ရှင်တွေက ပြောနေကြပါတယ်။

#ChinaMyanmar #MyanmarMigrants #ChinaMyanmarBorder #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG