သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှပစိဖိတ် ရေကြောင်းဆိုင်ရာစည်းမျဉ်း သဘောတူချက်ရ


ပင်လယ်ပြင်မှာ မတော်တဆဖြစ်မှုတွေနဲ့ နားလည်လွဲမှားမှုတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေအပေါ် တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတွေက ကိုယ်စားလှယ်တွေအပါအဝင် ဒေသတွင်း ရေကြောင်းဆိုင်ရာ ဆွေးနွေးပွဲတခုကို တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ သဘောတူခဲ့ကြပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချင်းဒေါင် (Quingdao) မှာ အင်္ဂါနေ့က စတင်တဲ့ အနောက်ပစိဖိတ် ရေကြောင်းဆိုင်ရာညီလာခံမှာ အဖွဲ့ဝင် ၂၁ နိုင်ငံလုံးက သဘောတူခဲ့ကြတာပါ။

ဥပဒေကြောင်းအရ စီးနှောင်မှုမရှိတဲ့ သဘောတူညီချက်ထဲမှာ စစ်သင်္ဘော တစင်းနဲ့ တစင်း ရင်ဆိုင်တွေ့ကြတဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကို ချမှတ်ထားပါတယ်။ ဒါ့အပြင် ဒေသတွင်း ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ချဲ့ထွင်ဖို့ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

အာရှ-ပစိဖိတ်နိုင်ငံတွေအကြား တင်းမာမှုတွေလျော့ကျစေဖို့ ဒီသဘောတူညီချက်က အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း တရုတ် ရေတပ် တပ်မှူး Wu Shengli က ပြောပါတယ်။
ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက် ဆွေးနွေးခဲ့ကြပေမဲ့လည်း တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား စစ်ရေး ထိတွေ့မှုကြောင့် နှစ်ရက်ကြာ ညီလာခံဟာ ခက်ခဲ ရှုပ်ထွေးခဲ့ရပါတယ်။
XS
SM
MD
LG